ကြမ်းပိုးကိုက်လို့ စိတ်ညစ်နေကြသလား
မိဘများကမိမိတို့ရဲ့ရင်သွေးကလေးများကိုဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်လူုဖြစ်လာကတဲက ဝါးဖတ်တော်က
စီဓာတ်နဲ့လူဖြစ်အောင်ကျွေးမွေးလာခဲ့ကြတဲ့အပြင် မှက်။ခြင်။ကြမ်းပိုး မထိုးရအောင် ဂရုစိုက်ခဲ့ကြပါတယ်ညကျရင်ကလေးအိပ်ရာထဲမှာကြမ်းပိုးရှာပေးရတာနဲ့မအိပ်ရတဲ့မိဘတွေရှိကြပါတယ်။မေတ္တာပို့တဲ့အထဲမှာ ကြွက် ခြင် ယင်ကြမ်းပိုး ဤလေးမျိုး မပါဘူးလို့ဆိုကြသူတွေလဲရှိကြတယ်လူများများနေကြရတဲ့ဆေးရုံ၊ အချုပ်ခန်း၊ စာသင်ကျောင်းဘော်ဒါစာသင်တိုက်မီးရထားထောင်စတာတွေမှာကြမ်းပိုးရန်ကြောင့်စိတ်ညစ်နေရပါတယ်အဲဒီလောက်တောင်ဒုက္ခပေးနေတဲ့ကြမ်းပိုးကိုအမျိုးမျိုးသောနည်းအမျိုးမျိုးသောဆေးဝါးတွေနဲ့အကြိမ်ကြိမ်နှိမ်နင်းခဲ့ကြပါတယ်ခေါင်းမူးတာပဲအဖတ်တင်ပါတယ်ပိုးသတ်ဆေးရောင်းသူတွေကတိုက်ဆောက်ပြီး ကြမ်းပိုးတွေကသာပိုဝလာကြပါတယ်။
ခု တော့ နည်းကောင်းရပါပြီ။
တစ်နေ့မှာတော့ပုဂံကုန်းရွာကလူငယ်ကိုရွှေမောင်ရောက်လာပါတယ်။ကျွန်တော့ဧည့်ခန်းမှာ ဖင်တကြွကြွ။ဆရာ့အိမ်ကကြမ်းပိုးကိုက်တယ်ဗျာတဲ့။အေးကွာ။ငါစိတ်ညစ်နေတာ နှစ်ပေါင်း ၃၀ရှိပြီဘယ်လိုမှနိမ်နင်းလို့မရဘူး ဆိုတော့ ကိုရွှေမောင်ကလွယ်လွယ်လေးလုပ်ပြသွားပါတယ်။
တစ်ဘူး ၅၀၀ ကျပ်သာပေးရတဲ့ ဖူဂျီကရင်ဆပ်ပြာ နဲနဲကော်ပြီးရေနဲ့ဖျော်ပါတယ်။ပြီးတော့ဆေးထိုးပိုက်တစ်ချောင်းရှာပြီး ကြမ်းကြားတွေထဲထိုးပန်းလိုက်ရာ
ကြမ်းပေါ်တက်လာပြီး ဖင်ကြီးတွေထောင်
သေလိုက်ကြတာ တစ်စက္ကန့်လောက်အတွင်းမှာ အတုံးအရုန်းပဲ။
ပိုက်ရှာမရရင် ဖလားထဲ အဝတ်နှစ်ပြီး အဝတ်ကိုကြမ်းကြားထဲ ညှစ်ချရင်လဲ
ရပါတယ်။တစ်အိမ်လုံး တစ်ကျောင်းလုံးဖျန်းမယ်ဆိုရင်တော့ ဆေးဖျန်းပုံးနဲ့ကြမ်းကြား
ပေါ်ရော ကြမ်းအောက်ကဆင့်ကြားတွေပါ ဖျန်းပက်ပါ။လွယ်လွယ်နဲ့။ ငွေကုန်သက်သာစွာ
နဲ့ ကြမ်းပိုးမျိုးပြုတ်သွားမှာပါ။ကဲ ကြမ်းပိုးကိုက်လို့ စိတ်ညစ်နေ
ကြသူများ ခုလက်တွေ့ စမ်းကြည့်လိုက်ပါ။
မောင်ဘို













