• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

ကင်ဆာအတွက်ကညွတ်များ

နှစ်ပေါင်းကတော့ နည်းနည်းကြာသွားပြီ လူတစ်ယောက်ကကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက် အတွက်ကညွှတ်ပင်လိုက်ရှာနေတာ ကျွန်တော်တွေ့ခဲ့ဘူးတယ်။ပြီးတော့ ၁၉၇၉ ခုနှစ် ဒီဇင်လဘာထုတ်ကင်ဆာဂျာနယ်ကနေ မိတ္တူကူးထားတဲ့စာရွက်တစ်ရွက် ကျွန်တော့်ကို ပေးခဲ့တယ်။

စာရွက်ကအကြောင်းအရာကတော့Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ)ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။

ဝေမျှခြင်းသက်သက်သာဖြစ်ပါတယ်။ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့ရှာဖွေချက်တွေကနေ ကညွှတ်ကနေ ကင်ဆာရောဂါကုသနည်းကို သင်ယူခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီသူရဲ့ပရောဂျက် လုပ်ငန်းတွေထဲမှာလဲ သူနှင့်အတူတကွ လုပ်ကိုင်ခဲ့သလို
ကျွန်တော့မှာ စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာရောဂါကုသပျောက်ကင်းသွားတဲ့အထောက်အထား အချက်အလက်တွေတော်တော်များများရှိခဲ့ပါတယ်

အဲ့ဒါတွေကတော့ …..

၁/- လူတစ်ယောက်ဟာ သွေးကင်ဆာဖြစ်တာ မျှော်လင့်ချက်မဲ့လုနီးပါးဖြစ်နေပါပြီး ဗုံးဗုံးလဲ နေပြီဖြစ်ပါတယ်။
ကညွှတ်ကထုံးနဲ့ တစ်နှစ်ကုသအပြီးမှာတော့ဆရာဝန် စစ်ဆေးကြည့်တာ ကင်ဆာရှိကြောင်းမပေါ်လာတော့ပါဘူး။
နောက်ဆုံး သူဟာပြန်ကောင်းသွားပါတယ်။

၂/- အောင်မြင်နေတဲ့ အသက် ၆၈ နှစ်အရွယ်စီးပွားရေးသမားတစ်ယောက်ဟာဆီးကြိတ်တည်တဲ့ ကင်ဆာကို ခံစားနေရတာ ၁၆ နှစ်ရှိပြီဖြစ်ပါတယ်။နှစ်တော်တော်ကြာကြာ ဆေးကုသခြင်း ဓါတ်ကင်ခြင်းတို့ ဖြင့်ကုသခြင်းပြုခဲ့သော်လည်း တိုးတက်လာခြင်းမရှိပါဘူး။
နောက်ဆုံး၃လအတွင်းကညွှတ်ကုထုံးနဲ့ကုပြီးနောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆီးကြိတ်များဟာပျောက်သွားပြီး
ကျောက်ကပ် နှစ်ခုဟာ ပုံမှန် ပြန်ဖြစ်နေတာဆေးစစ်တဲ့အဖြေမှာ တွေ့ခဲ့ရပါတယ်။
၃/- လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရပါတယ်။၁၉၇၁ မတ်လ ၅ရက်နေ့မှာကုသဖို့ ခွဲစိတ်ခဲ့ရာမှာတော့
ရောဂါဟာ အလွန်ရင့်ပြီးအမြစ်များဟာ တော်တော်ပြန့်နေတဲ့အတွက်ခွဲစိတ်လို့မရ ခဲ့ပါဘူး။
ခွဲစိတ်ဆရာဝန်ဟာ ပြန်ပြီးချူပ်ပေးခဲ့ကာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။ဧပြီလ ၅ ရက်နေ့မှာတော့
ထိုလူနာဟာ ကညွှတ်ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု့ခံယူခဲ့ပါတယ်။သြဂုတ်လမှာတော့ ဓါတ်မှန်သွားရိုက်ကြည့်တဲ့အခါမှကင်ဆာလက္ခဏာပြနေတာတွေဟာပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လည် လုပ်နိုင်ခဲ့ပါတယ်။

ပြုလုပ်နည်း…..
ကညွှတ်ကို သစ်သီးဖျော်စက်ထဲထည့်ပြီး အရည်ဖြစ်ကြောင် ကြိတ်ပါ။ထိုကညွှတ်ရည်ကို ရေခဲ့သေတ္တာထဲ ထည့်ပြီး လူနာအားတစ်ခါတိုက်လျှင် စတီးဇွန်းဖြင့် ၄ ဇွန်းကိုမနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပါ။

credit : ဦးမိုး မင်း

Post a Comment