• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

ရည်းစားဟောင်း ... ဋီကာ

ကြေးစည်ထုတိုင်း
သူ့နာမည်ပါ ရေစက်ချအမျှဝေတယ်
အသစ်လား၊အပြစ်လားတော့မပြောတတ်
အချိုကုန်သွားတဲ့ ပီကယ်လို
ခံစားရတာ ပါးညောင်းလာတယ်

တကယ်ဆို
သူအမြင်မှန်သွားတာ
ကိုယ့်ကိုအားနာသွားတာလည်း ဖြစ်နိုင်ရဲ့
အရင်က ဟန်းဆက်လေးလို
အချိန်ပြည့်ကြည့်နေခဲ့ပေမဲ့
ခုကျ ,
ဦးတည်ချက်လေးရပ်လို
မြင်တာနဲ့ ရစ်ဖို့ပြင်နေတာ

ကိုယ်လည်းအတွေးမှန်သွားတယ်
Android တွေ ခေတ်စားနေတဲ့ခေတ်မှာ
key pad ကို မကိုင်သင့်တော့ဘူးလေ

ရည်းစားဆိုတာ
ဆင်းကဒ်တခုမဟုတ်ဘူး
ဖုန်းကာဗာတခုပဲ
အလဲအထပ်လုပ်နေလေ အမြင်ဆန်းနေလေပဲ

ရည်းစားဟောင်းဆိုတာ . . .
အနီးကပ်ဆုံးရန်သူ
အန္တရယ်အရှိဆုံးလူသားတစ်ဦး
နှစ်ကုန်သွားတဲ့ ပြက္ခဒိန်တခု
ဒိတ်လွန်သွားတဲ့ ဟန်ဘာဂါ
နေကျော်သွားတဲ့ ထန်းရည်
အချည်ပေါက်သွားတဲ့ စပျစ်သီး
မင်းသားခေါင်းကျွတ်သွားတဲ့ ဘီလူး
အပွေးကုန်သွားတဲ့ သနပ်ခါးတုံး
အရွက်မရှိတော့တဲ့ သစ်ကိုင်းခြောက်

ရည်းစားဟောင်းကို . . .
ဈေးကြီးပေးဝယ်ခဲ့ရပေမဲ့
ခြေထောက်ပေါက်နေတဲ့ ဖိနပ်တစ်ရံလို
( ခြေထောက်တော့ အနာမခံပဲ
ဖိနပ်ပဲ စွန့်လွှတ်သင့်တယ်လို့တွေးရမယ်)

ရည်းစားဟောင်းဆိုတာ
အရစ်ပြုန်းသွားတဲ့ ခွေးသွားစိတ်လေးတခုပဲ
ဆက်လည်းသုံးလို့အဆင်မပြေ
လွှင့်ပစ်တော့လည်း မသင့်တော်
ရောင်းစားတော့လည်း တစ်ပိဿာမပြည့်

အကြံပေးပါမယ်
ရည်းစားဟောင်းတွေ စုထားပါ
ပိသာချိန်ပြည့်မှရောင်းစားပါ...။
                        ကိုလင်း


Post a Comment