• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

ပတ္တမြားငမောက်

Wednesday, 5 August 2015

ပတ္တမြားငမောက်

ပတ္တမြားငမောက်ကို မြန်မာသက္ကရဇ် ၁၀၂၃တွင် ချင်းတွင်းနယ်သား ငမောက်ဆိုသူမှ တွေ့ရှိခဲ့သည်
ကျောက်မှာအရည်အလွန်လှ၍ အရွယ်လည်းကြီးသည့်အတွက် ၂ခြမ်းခွဲကာ တစ်ခြမ်းကိုတရုတ်ပြည်သို့သွားရောင်းခိုင်းပြီး တစ်ခြမ်းကို အင်းဝဘုရင် ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်းထံ ဆက်သခဲ့သည်
ပင်းတမင်းလည်း အားရဝမ်းသာဖြစ်ပြီး ဆုတော်ငွေများချီးမြင့်ခဲ့သလို ငမောက်ကဆက်သသဖြင့် ထိုကျောက်ကို ပတ္တမြားငမောက်ဟု အမည်ပေးခဲ့သည်
တရုတ်ပြည်မင်မင်းဆက်ပျက်ပြီး တိုင်းပြည်မတည်မငြိမ်ဖြစ်ရာ မြန်မာပြည်သို့ခိုဝင်လာသော တရုတ်လူမျိုး၏ လက်ထဲတွင် ငမောက်ရောင်းချလိုက်သည့် ပတ္တမြားတစ်ပိုင်းပါလာပြီး မြန်မာဘုရားအားဆက်သခဲ့သည်
ထိုပတ္တမြားတစ်ပိုင်းမှာ မြန်မာဘုရင်လက်ထဲတွင်ရှိသော ငမောက်ကျောက်နှင့် တူလှသဖြင့် ကျောက်နှစ်ပွင့် ဆက်ကြည့်ရာ တစ်ပွင့်ထဲမှ ခွဲထားကြောင်းသိလိုက်ရသည်
ထိုကြောင့်ဘုရင်လည်း အမျက်ဒေါသထွက်ပြီး ငမောက်နှင့် ဆွေမျိုးအားလုံးကို သတ်ဖြတ် ကွက်မျက်လိုက်သည်
ပျောက်ဆုံးသွားသော ပတ္တမြားငမောက်
ပတ္တမြားငမောက်ကျောက်မှာ မြန်မာသက္ကရာဇ် ၁၀၂၃ ခုနှစ်တွင် မိုးကုတ်မြို့မှ ထွက်ရှိခဲ့ပြီး မြန်မာဘုရင် အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသော နန်းစဉ်ရတနာဖြစ်သည်
ပတ္တမြားငမောက်ကျောက်မှာ ရတီချိန် ၉၀ကျော်ရှိပြီး
လုံးချောပုံသွေးထားသည့် စင်းလုံးချောကျောက်ဖြစ်သည် ရွှေဖြင့်လက်စွတ်ကွင်းထားသည်
မြန်မာသက္ကရာဇ် ၁၈၈၅ခု သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ်တို့ သိမ်းယူသွားသည့်အထဲတွင်ပါသွားခဲ့သည်
မြန်မာသက္ကရာဇ်၁၂၄၇ တန်ဆောင်မုန်းလပြည့်ကျော်၈ရက် ပါတော်မူနေ့တွင်
အတွင်းဝန် ရွှေတိုက်ဝန် ပေါက်မြိုင်မြို့စား မင်းလှမဟာဇေယျနန္ဒ ကိုယ်တိုင် အင်္ဂလန် ပြည်သိမ်းတပ် အရာရှိချုပ် ကာနယ်စလေဒင် ထံအား အခြားနန်းစဉ် မင်းသုံးရတန်ာများနှင့်အတူ အပ်ခဲ့သည်
နောက်ပိုင်းတွင် ပတ္တမြားငမောက်ကျောက်မှာ အပ်နှံထားသည့် စာရင်းထဲတွင် မပါသလိုလို သတင်းဖျောက်လိုက်ပြီး အစအနပျောက်သွားပါသည်
သီပေါမင်း ကိုယ်တိုင်အန္ဒိယနိုင်ငံ ရတနာဂီရိသို့ အပို့ခံရပြီးနောက် ဘုရင်ခံချုပ်ထံ စာရေး၍ပြန်းတောင်းခံသော်လည်း ပစ္စည်းစာရင်းတွင်ရှာမတွေ့ဟုဆိုခဲ့သည်
၁၈၉၀ ကာနယ်စလေဒင် သေးဆုံးပြီးနောက် ပတ္တမြားငမောက်ကျောက်၏ သတင်းကိုပါ အစအနဖျောက်ခဲ့သည်
၁၉၁၀ခု မေလ၆ရက်နေ့တွင် ပဉ္စမမြောက် ဂျော့ဘုရင် နန်းတက်ခဲ့သည်
ထိုဘုရင်မှာ အင်္ဂလန်တွင် နန်းတက်ဘိသိက်ခံပြီးနောက် အန္ဒိယနိုင်ငံ ဒေလီမြို့ တွင်လည်း ထပ်မံ ဘိသိက်ခံလိုသည်
နန်းစဉ်သရဖူကို၂ကြိမ်ဆောင်း၍ ဘိသိက်မခံနိုင်ရာ သီးခြားသရဖူတစ်ခု ထပ်လုပ်ရပါသည်
ထိုသရဖူကို ၁၉၁၁ခုနှစ်တွင်ပြုလုပ်ခဲ့ပြီး ဒေလီမြို့တွင် ဒါဘာပွဲ ကျင်းပကာ ၅၆၅ပါးသော အိန္ဒိယမဟာရာဇာ မင်းညီမင်းသားများ၏ ဦးခိုက်မှု့ကို ခံယူခဲ့သည်
ထိုအသစ်ပြုလုပ်ခဲ့သော သရဖူ၏ မျက်နှာစာ အလည်တည့်တည့်တွငိ ပတ္တမြားကျောက်အနီတစ်ပွင့် ထည့်ထားပြီး ဘာမားရူဘီ ဟူ၍ စာတန်းထိုးကာ ပို့စကဒ်များ ထုတ်ဝေခဲ့သည်
ထိုပို့စကဒ်ထဲမှ ကျောက်၏ပုံနှင့် အရွယ်အစားကိုကြည့်ပြီး ချွန်းတောင်းမင်းသမီးကိုယ်တိုင် ပတ္တမြားငမောက်ကျောက်ဟု ပြောခဲ့သည်
နောက်ပိင်းတွင် ထိုသရဖူကိုမတွေ့ရတော့ဘဲ ဓာတ်ပုံသာ တွေ့ရတော့သည်
မြန်မာနိုင်ငံမှ သမိုင်းသုတေသီများ သီပေါမင်း၏အနွယ်တော်များ စုံစမ်းချက်အရ ပတ္တမြားငမောက်ကျောက်ကို နောက်ဆုံးတွေ့ရသည်မှာ ၁၉၁၁ခုနှစ်တွင်ဖြစ်သသည်။

10,00000 likes

Post a Comment