အ ပျို ကြီး
ရေဒီယိုဟောင်းကြီးလို
ပိတ်မရ လိုင်းပြောင်းမရ
တဖြည်းဖြည်းအသက်ကြီးလာလေ
ပွစိပွစိပြောနိုင်စွမ်းဗားရှင်းပိုမြင့်လာလေပဲ
ငှက်ပျောပင်တွေ့ရင် ခြံထဲ စိုက်ထားပါ
ဇီဇာကြောင်တာ အထူးကုနဲ့မရလောက်တော့ဘူး
လှတာပေါ့ ရွှေရုပ်လေးလို
သူ့ကိုယ်သူ စကာတင်မင်းသမီးဆိုပြီး
အယူလွဲမှားလို့သာ အပျိုကြီးပြိတ္တာဖြစ်နေတာ
အနိစ္စ...အမြဲမရှိပါဘူး
နိစ္စလေး ရတုန်းမှာ ချစ်ခြင်းမုန်းခြင်းလေးခံစား
နောင်ဘဝလည်း နတ်ပြည်ရောက်နိုင်မှာမှမဟုတ်တာ
အပျိုကြီးဆိုတာ
ပါကင်မထိုးရ ဆိုင်းဘုတ်ချိတ်ထားတဲ့နေရာတစ်ခု
ရန်ကုန်မြို့မှာ ကားပါကင်ရှာမရအောင်ဖြစ်နေပါလျက်
သူ့တစ်ကွက်ထဲ ကွက်ကွက်လွတ်နေတာ
" ဤအိမ်သည် အပျိုကြီးရှိပါသဖြင့် " ဆိုတာ
တူ/တူမတွေ သုံးတဲ့အသုံးအနူန်း
ရွေးတာတော့ ရွေးတာပေါ့
ဈေးပေါင်လည်း ကျိုးနေပြီ
ဖေ့ဘုတ်ပေါ် ဓာတ်ပုံတင်ကြိုးစားလည်း
ဖူးစားရေးနတ်က သူနာမည်ပျက်လို့ဘလော့ထားပြီ
ကွန်မန်းလည်း မရေးရဲ
စတေးတပ်လည်း မတင်
ချက်တော့လည်း သံသယတွေများ
စိတ်မထင်ရင် ဘလော့ခ်
ဖေ့ဘုတ်သုံးတာတောင် အပျိုကြီးမူက ဖျောက်မရဘူး
လက်ထဲပုတီးကိုင် ဖေ့ဘုတ်ဖွင့်
ချောချောလေးတွေ ရယ်လေးရှင်းချိတ်ကြတာကို ကြည့်
ပုတီးတစ်လုံးချ ... အနိစ္စ ( မမြဲတဲ့အရာတွေပါလို့ ဖြေ )
ကိုရီးယားမင်းသားလေးတွေ ချစ်သူရသွားတဲ့သတင်းဖတ်
နောက်တစ်လုံးချ ... ဒုက္ခ ( ဆင်းရဲရှာနေမိပြန်ပြီလို့စဉ်းစား )
မင်္ဂလာဆောင်ဓာတ်ပုံတွေတက်လာတာကြည့်
တတိယပုတီးလုံးချ ... အနတ္တ ( ဘယ်အရာမှ ငါမပိုင်ပါတကားလို့တွေး )
ပွစိ ပွစိ လျော့
စိတ်လေးကောင်းကောင်းထား
အတွဲတွေတွေ့ရင် အားကျမနာလိုစိတ်ဖျောက်
အော် .... ဒီဘဝမဟုတ်တောင်
နောက်သုံးဘဝမြောက်လောက်တော့ ဖူးစာရေးရေးလေးတွေ့မှာပါ ။ ။
ကိုလင်း













