• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

ဗုဒ္ဓသမိုင်းအကျဉ်းချုပ်နှင့်ဗုဒ္ဓ၏ဝါဒ

ဗုဒ္ဓဘာသာသည် ခရစ်တော်ထက် ပြန့်မျှ B.C(623)နှစ်စော၍ပေါ်ထွန်းခဲ့ပါသည် သို့သော် ယ္ခုဗုဒ္ဓ၏သမိုင်းကို မဟာသက္ကရာဇ်နဲ့ဖြေပေးပါ့မယ် မဟာသက္ကဟာ ဗုဒ္ဓမမွေးဖွားခင်ကတည်းက အိန္ဒိယနိုင်ငံမှာ သုံးသောသက္ကရာဇ်ဖြစ်ပါတယ်။ဗုဒ္ဓ၏ဖွားမြင်ရာအရပ်သည် ဒီကနေ့ အိန္ဒိယပြည်နှင့် သီရိလင်္ကာကြားမှာရှိတဲ့ သက္ကတိုင်း ကပ္ပိဠဝတ်မြို့ လုမ္ဗိဏီဥယျာဉ်ဘဲဖြစ်ပါတယ် မဟာသက္ကရာဇ်(၆၇)ခုနှစ်ဝါဆိုလပြည့် ကြာသပတေးနေ့မှာ ပဋိသန္ဓေယူပါတယ် (သန္ဓေတည်သည်) မဟာသက္ကရာဇ်(၆၈)ခုနှစ် ကဆုန်လပြည့် သောကြာနေ့ (၁၀လ)အတိပြည့်တဲ့နေ့မှာ ဗုဒ္ဓဘုရားလောင်းဖွားမြင်ခဲ့ပါတယ်(မွေးဖွားသည်)ဗုဒ္ဓဘုရားလောင်းမွေးဖွားတဲ့အချိန်မှာ မြေကြီးသည် အရှေ့အနောက်တောင်မြောက် အပြင်းအထန်လှုပ်ခဲ့ပါတယ် သို့သော် သတ္တဝါတွေမည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်အန္တရာယ်သေဆုံးခြင်းမဖြစ်ခဲ့ပါဘူး ဗုဒ္ဓသည်မွေးဖွားလျှင်မွေးဖွားချင်းဘဲ ခြေလှမ်းခုနှစ်လှမ်းလှမ်းခဲ့ပါတယ် အဲလိုခြေလှမ်းလှမ်းတဲ့အခါ ခြေဖဝါးတစ်ခါချတိုင်း ခြေဖဝါး၏အောက်မှာ ကြာပွင့်တစ်ပွင့်တစ်ပွင့်ပေါ်ပေါက်ခဲ့ပါတယ် အဲလိုခြေလှမ်းခုနှစ်လှမ်းလှမ်းပြီးသောအခါ အရပ်လေးမျက်နှာကိုကြည့်ပြီး ငါသည်လောကမှာ အကြီးဆုံး အမြတ်ဆုံး ချီးမွန်းအပ်ဆုံးဖြစ်သည်ဟု စကားသုံးခွန်းကြွေးကျော်ခဲ့ပါတယ် ဗုဒ္ဓဘုရားလောင်း၏အမည်သည် သိဒ္ဓတ္ထလို့ခေါ်ပါတယ် ဗုဒ္ဓသည် သာကီဝင်မင်းမျိုးဖြစ်ပါတယ် ဒီလိုနဲ့ ဗုဒ္ဓမွေးဖွားပြီးခုနှစ်ရက်အကြာမှာ မယ်တော်(အမေ)မာယာဒေဝီဟာ နတ်ရွာစံ(သေဆုံး)ခဲ့ပါတယ် အဲဓိနေ့မှာ ဖခမည်းတော်(အဖေ) သုဒ္ဓေါဓနမင်းကြီး၏ ကျင်ရာတော်အငယ်(မယားငယ်)ဖြစ်သူ မယ်တော်ဂေါတမီဟာ နန္ဓမင်းသားလေးကိုမွေးဖွားခဲ့ပါတယ် စာဖတ်သူမျက်စေ့မလည်ပါစေနဲ့ သုဒ္ဓေါဓနမင်းကြီးမှာ မာယာဒေဝီနှင့် ဂေါတမီဆိုပြီးကျင်ရာတော်(မိန်းမ)နှစ်ယောက်ရှိပါတယ် အဲဓိတော့ ဗုဒ္ဓဘုရားလောင်းကို မိထွေးတော်ဂေါတမီက နို့ချိုတိုက်ကျွေးပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ် အဲဓိနောက်သက်တော်(အသက်)၁၆နှစ် မဟာသက္ကရာဇ်(၈၄)ခုနှစ်မှာ ယသော်ဓရာဒေဝီနဲ့အိမ်ထောင်ကျခဲ့ပါတယ် အဲဓိနောက်(၁၃)နှစ်နန်းစံကာ ကျင်ရာတော်ယသော်ဓရာဒေဝီနဲ့ပေါင်းသင်းခဲ့ပါတယ် အသက်(၂၉)နှစ် မဟာသက္ကရာဇ်(၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဆန္ဒအမတ်ကိုခေါ်ပြီး ကဏ္ဍကမြင်းကိုစီး၍ ဥတုဝေဠတောဆီသို့ တောထွက်ခဲ့ပါတယ် ဥတုဝေဠတောကိုမရောက်ခင် အနော်မာဆိုတဲ့မြစ်ကိုဖြတ်ကူးရပါတယ်အဲလိုဖြတ်ကူးတဲ့အခါ ကဏ္ဍကမြင်းကိုစီးပြီးအနော်မာမြစ်ကို ကောင်းစွာဖြတ်ကူးနိုင်ခဲ့ပါတယ် အနော်မာမြစ်၏တစ်ဖက်ကမ်းကိုရောက်သောအခါ ဆန္ဒအမတ်နှင့် ကဏ္ဍကမြင်းကို နန်းတော်သို့ပြန်လွှတ်လိုက်ပါတယ် အဲဓိနောက် ဗုဒ္ဓဘုရားလောင်းသည် သူ၏ဆံတော်(ဆံပင်)ကိုကိုင်ပြီး ငါသည်ဘုရားဖြစ်မည်မှန်လျှင် ငါ၏ဆံတော်သည် ကောင်းကင်၌တည်ပါစေသတည်းလို့ အဓိဌာန်ပြုကာ ဆံတော်ကို သံလျှက်နှင့်ဖြတ်ပြီးကောင်းကင်သို့လွှင့်တင်လိုက်ပါတယ် အဲဓိလိုလွှင့်တင်လိုက်တဲ့အခါ ဆံတော်သည်ကောင်းကင်ဆီသို့တက်သွားခဲ့ပါတယ် ထို့နောက် ဗုဒ္ဓ၏ဆံတော်ကို ဂဋိကာရဗြဟ္မာမင်းကြီးကခံယူပြီး ဗြဟ္မာ့ပြည်မှာ စူဌာမဏိအမည်ဖြင့် စေတီတည်ထားကိုးကွယ်ခဲ့ပါတယ် ဗုဒ္ဓတောထွက်တဲ့နေ့မှာဘဲ ဗုဒ္ဓ၏သားတော် ရာဟုလာကိုမွေးဖွားပါတယ် အဲဓိနောက် ဗုဒ္ဓဘုရားလောင်းသည် ဥတုဝေဠတောမှာ (၆)နှစ်တိုင်တိုင် ဒုက္ကရစရိယာ(သစ္စာတရား)တို့ကို ကျင့်ကြံအားထုတ်ခဲ့ပါတယ် ဗုဒ္ဓသည်ထိုအချိန်မှာ အင်မတန်ဆင်းရဲခံပြီးဇွဲရှိရှိကျင့်ကြံအားထုတ်ခဲ့ရပါတယ် ဘယ်လောက်ထိကျင့်ကြံအားထုတ်ခဲ့ရသလည်းဆိုရင် အရိုးပေါ်အရေတင်ပြီး အကြောတွေတစ်ချောင်းချင်းဆီပေါ်တဲ့အထိ ကျင့်ကြံအားထုတ်ခဲ့ရပါတယ် အဲဓိနောက် သက်တော်(၃၅)နှစ် မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓဟူးနေ့မှာ သစ္စာဥာဏ်ကိုရရှိပြီး ဘုရားအဖြစ်သို့ရောက်ရှိခဲ့ပါတယ် ဘုရားဖြစ်တဲ့နေ့မှာလည်း မြေကြီးဟာ အရှေ့အနောက်တောင်မြောက်အပြင်းအထန်လှုပ်ခဲ့ပါတယ် သို့သော် သတ္တဝါအားလုံးမည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း သေဆုံးခြင်းမရှိခဲ့ပါဘူး ထို့နောက် ဘုရားအဖြစ်သို့ရောက်ပြီးသောအခါ သစ္စာတရားတော်တို့ကို ဟောကြားရန် မိဂရာဝုန်တောဘက်ကိုထွက်ခွာခဲ့ပါတယ် မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ဝါဆိုလပြည့်စနေနေ့မှာ ပဉ္စဝဂ္ဂီ(၅)ဦးကို ဓမ္မစင်္ကြာတရားကို တရားဦးအဖြစ်စပြီးဟောကြားပေးခဲ့ပါတယ် အဲဓိနောက်ဘုရားအဖြစ်နဲ့(၄၅)နှစ်တိုင်တိုင် လူ နတ် ဗြဟ္မာ သတ္တဝါတို့ကို သစ္စာတရားတွေဟောပြပေးခဲ့ပါတယ် အဲဓိနောက် ဝါတော်(၄၅)ဝါ သက်တော်(၈၀)မဟာသက္ကရာဇ်(၁၄၈)ခုနှစ် ကဆုန်လပြည့်အင်္ဂါနေ့တွင် မလ္လာမင်းတို့၏အင်ကြင်းဥယျာဉ်၌ မြောက်အရပ်ကိုဦးခေါင်းထားပြီး ပရိနိဗ္ဗာန်စံတော်မူခဲ့ပါတယ်(သေဆုံးခဲ့ပါတယ်) ဒီတော့မRose gloryမေးတဲ့ထဲမှာ ဗုဒ္ဓဟာဘာကြောင့် ဘယ်လိုသေဆုံးခဲ့တာပါလည်းလို့မေးထားပါတယ် အဖြေကတော့ရှင်းပါတယ် သေချင်းတရားဆိုတာ မည်သူတစ်ဦးတစ်ယောက်မျှ ရှောင်လွှဲ၍ရတဲ့အရာမဟုတ်ပါ သူ့အချိန်တန်လို့သေဆုံးခဲ့ရတာဖြစ်ပါတယ်။မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတဲ့အချိန်မှာလည်း မြေကြီးဟာ အရှေ့အနောက်တောင်မြောက် အပြင်းအထန်လှုပ်ခဲ့ပါတယ် သို့သော် သတ္တဝါအားလုံး မည်သူတစ်ဦးတစ်ယောက်မျှထိခိုက်ဒဏ်ရာရခြင်း သေဆုံးခြင်းမရှိခဲ့ပါဘူး ကျနော်ပြောတဲ့ထဲမှာ တစ်ခုကျန်နေပါတယ် အဲဒါဟာဘာလည်းဆိုရင်မြတ်ဗုဒ္ဓ ပံ့တကူသင်္ကန်းကောက်တာဘဲဖြစ်ပါတယ် ရက် လ ခုနှစ်တွေကိုတော့ ကျနော်အတိအကျမသိတဲ့အတွက် ရက်လခုနှစ်တို့ကိုမဖော်ပြနိုင်တဲ့အတွက် နားလည်ပေးစေချင်ပါတယ်ခင်ဗျ မြတ်ဗုဒ္ဓပံ့တကူသင်္ကန်းကောက်တဲ့အချိန်တုန်းကလည်း မြေကြီးအပြင်းအထန်လှုပ်ခဲ့ပါတယ် သို့သော် သတ္တဝါတွေ မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း သေဆုံးခြင်းမရှိခဲ့ပါဘူး။ဒီတော့ ခရစ်ယာန်ဘာသာဝင်မRose gloryအနေနဲ့ ဗုဒ္ဓ၏သမိုင်းအကျဉ်းချုပ်အတွက် အခုကျနော်ရှင်းပြသလောက်ဆိုရင် လုံလောက်မယ်လို့ထင်ပါတယ် စာကိုဆက်လက်ပြီးဆုံးအောင်ဖတ်ပေးစေချင်ပါတယ် ယ္ခုဆက်လက်ပြီးရှင်းပြမည့်အကြောင်းအရာတို့သည်တာလျှင် တကယ့်အနှစ်သာရတွေဖြစ်ပါလိမ့်မယ် အသိဥာဏ်ပညာတွေရပါလိမ့်မယ်။ ဒီတော့ ဆက်လက်ပြီး မြတ်ဗုဒ္ဓဟာဘယ်လိုပုဂ္ဂိုလ်လည်း မြတ်ဗုဒ္ဓ၏ဝါဒဟာ ဘယ်လိုဝါဒလည်း မြတ်ဗုဒ္ဓ၏ သစ္စာတရားတော်တွေဟာ ဘယ်လိုသစ္စာတရားတွေလည်းဆိုတာကို ဘုရားရှိခိုးစာပိုဒ်လေးသုံးပိုဒ်နဲ့ ရှင်းပြပါ့မယ်။နမော ဝိဘဇ္ဇဝါဒီနော အနန္တဇိနတ္တ။မြန်မာပြန်အဓိပ္ပာယ်ကိုရှင်းပြပါ့မယ်။ဝိဘဇ္ဇဝါဒီနော=အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ဝေဖန်စီစစ်လေ့ရှိသော အနန္တဇိနတ္တ=ယုတ်မာသောတရားတို့ကိုအတိုင်းမသိ အကြွင်းမရှိ အောင်မြင်တော်မူပြီးသော မြတ်ဗုဒ္ဓအား နမော=ရိုသေညွှန့်ကျိုး လက်စုံမိုး၍ရှိခိုးပါ၏ဘုရား။မြန်မာပြန်ချည်းသတ်သတ်သေချာရှင်းအောင်ပြောပါ့မယ် အရာရာ၌ အကြောင်းအကျိုး အကောင်းအဆိုး အမှားအမှန်တို့ကို ခွဲခြမ်းစိတ်ဖြာပြီး ဝေဖန်စီစစ်လေ့ရှိပြီး ယုတ်မာသောတရားတို့ကို အတိုင်းမသိ အကြွင်းမရှိအောင်မြင်တော်မူပြီးသော မြတ်ဗုဒ္ဓအားရှိခိုးပါ၏ဘုရား။မြတ်ဗုဒ္ဓဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလည်းဆိုရင် အကြောင်းအကျိုးအကောင်းအဆိုး အမှားအမှန်တွေကို ဝေဖန်စီစစ်တတ်သောပုဂ္ဂိုလ်မြတ်တစ်ဆူဖြစ်ပါတယ် ထိုနည်းတူ မြတ်ဗုဒ္ဓ၏သစ္စာတရားတော်တွေဟာလည်း ဝေဖန်စီစစ်ခွင့်ရှိတဲ့တရားတွေဖြစ်ပါတယ် ကိုးကွယ်မှိပြီဆိုရင် ဘုရားကိုဘဲဖြစ်စေ သံဃာကိုဘဲဖြစ်စေ ဝေဖန်စီစစ်ခွင့်တော့ ရှိရမှာဘဲ ကိုးကွယ်တဲ့လူသားတို့ကလည်း ဝေဖန်စီစစ်တတ်တဲ့ဥာဏ်တော့ရှိရမှာဘဲဖြစ်ပါတယ် ဒါကြောင့်ဗုဒ္ဓ၏ဘာသာတရားဟာ ဝေဖန်စီစစ်ခွင့်ရှိတဲ့ဘာသာတရားဘဲဖြစ်ပါတယ် အဲလိုဝေဖန်စီစစ်ခွင့်ရှိတဲ့ဘာသာတရားသည်တာလျှင် လူသားတို့၏ကိုးကွယ်ရာအစစ်အမှန်ဖြစ်နိုင်ပါတယ် ဝေဖန်စီစစ်ခွင့်မရှိတဲ့ဘာသာတရားမျိုးဟာကိုးကွယ်ရာအစစ်အမှန်မဖြစ်နိုင်ပါဘူး မြတ်ဗုဒ္ဓ၏ဘာသာတရားဟာ အလွန်အင်မတန်မှလွတ်လပ်ပါတယ် ဒီတော့သစ္စာတရားကိုရှင်းပြပါမယ် သစ္စာဆိုတာ အမှန်တရားပါဘဲ အမှန်တရားဆိုတာ ဘယ်လိုမှန်ရမလည်းဆိုရင် လူ နတ် ဗြဟ္မာသတ္တဝါအားလုံးအတွက် အကုန်ကုန်ပြောရရင် စိတ် စေတတိတ်ရှိတဲ့သတ္တဝါတိုင်းအတွက် တစ်ညီတည်းမှန်ရမှာဖြစ်ပါတယ် ဥပမာလေးနဲ့ရှင်းပြပါမယ် မြတ်ဗုဒ္ဓသည် အနိစ္စ ဒုက္ခ အနတ္တတို့ကိုဘဲဟောကြားပေးခဲ့တာဖြစ်ပါတယ် အနိစ္စအမြဲမရှိ ဒုက္ခဆင်းရဲခြင်း အနတ္တအစိုးမရခြင်းတို့ဘဲဖြစ်ပါတယ် အမြဲမရှိခြင်း ဆင်းရဲခြင်း အစိုးမရခြင်းတွေဟာ ဘာတွေလည်းဆိုရင် သတ္တဝါတိုင်းဟာ လောဘ ဒေါသ မောဟစိတ်တွေ လိုချင်သတ်မတ်တဲ့စိတ်တွေကြောင့် ဘဝတစ်ခုကနေ ဘဝတစ်ခုသို့ ကူးပြောင်းနေရခြင်းဖြစ်ပါတယ် အဲသလို လိုချင်သတ်မတ်တဲ့ကိလေသာစိတ်တွေကြောင့် ခင်ဗျားတို့ကျွန်တော်တို့ ဒီခန္ဓာတွေ ရနေရတာဖြစ်ပါတယ် ခန္ဓာရရှိပြီဆိုရင် အဲဓိခန္ဓာအတွက် သတ္တဝါတို့သည်ပင်ပန်းဆင်းရဲစွာ ဘဝသံသရာခရီးကို လျှောက်လှမ်းနေကြရမှာဖြစ်ပါတယ် ဘာကြောင့်ပင်ပန်းဆင်းရဲစွာ လျှောက်လှမ်းကြရသလည်းဆိုရင် ခန္ဓာရှိရင် အိုရမယ် နာရမယ် သေရမယ် သေခြင်းတရားဆိုတာ ဘုရားတောင်မှ ရှောင်လွှဲလို့မရပါဘူး ဒါကြောင့် မြတ်ဗုဒ္ဓက လူသားတွေကို အသိဥာဏ်ပညာတွေရှိပြီး အိုနာသေဘေးကလွတ်မြောက်ကာ နိဗ္ဗာန်မဂ်ဖိုလ်မှာ ခိုလှုံနိုင်ဖို့အတွက် သစ္စာတရားတွေကို ဟောပြပေးခဲ့တာဖြစ်ပါတယ် နောက်တစ်ချက်အစိုးမရခြင်းဘဲဖြစ်ပါတယ် ဘာကိုအစိုးမရတာလည်းဆိုရင် အမြင်လွယ်အောင်ပြောပြပါ့မယ် လူတွေဟာ သက်ရှိထင်ရှားရှိနေတုန်းမှာ ကိုယ့်မှာရှိတဲ့အရာတွေကို ကိုယ်ပိုင်တယ်လို့ထင်ကြပါတယ် တကယ်တော့ ကိုယ့်ကိုကိုယ်တောင်မပိုင်ကြပါဘူး လူတစ်ယောက်ဟာ ဘယ်လောက်ဘဲချမ်းသာချမ်းသာ ကိုယ့်မှာရှိတဲ့ပစ္စည်းဥစ္စာတွေကိုလည်း ကိုယ်မပိုင်ပါဘူး ကိုယ်ကဘယ်လောက်ဘဲ ကိုယ်ပိုင်ပါတယ်ပြောပြော ကိုယ်ပိုင်ထားတဲ့ပစ္စည်းဥစ္စာတွေဟာ မီးလောင်လို့လည်းဆုံးရှုံးနိုင်သလို မင်းသိမ်းခြင်းလည်းခံရနိုင်ပါတယ် သားဆိုးသမီးဆိုတွေကနှိပ်စက်နိုင်သလို သူခိုးဒီမြတွေရဲ့လုယက်ခြင်းကိုလည်း ခံရနိုင်ပါတယ် ရေဘေးလည်းကျရောက်နိုင်သလို လေဘေးကြောင့်လည်းပျက်စီးဆုံးရှုံးရတတ်ပါတယ် နောက်ဆုံးအကုန်ကုန်ပြောမယ် မသေခင်မှာဘာတွေကိုဘဲ ပိုင်တယ်ပြောပြော သေရင်သင်ဘာမှယူသွားလို့မရသလို သင့်နောက်ကိုလည်းဘာပစ္စည်းမှမပါနိုင်ပါဘူး ကိုယ်ပြုထားတဲ့ကောင်းမှုကုသိုလ် သို့မဟုတ် ကိုယ်ကျင့်ကြံအားထုတ်ထားတဲ့တရားကတာ ကိုယ်ပိုင်တာဖြစ်ပါတယ် ကိုယ့်ကိုကယ်တင်နိုင်မှာဖြစ်ပါတယ် အဲသလိုအိုနာသေဘေး ဆင်းရဲဒုက္ခ မမြဲတဲ့ဖြစ်ပျက်သဘောတရားတွေ ပြောပြနိုင်ခြင်း သိခြင်းတွေကို သစ္စာတရား အမှန်တရားလို့ခေါ်ပါတယ် ကောင်းပြီဒီတော့ နိဗ္ဗာန်ဆိုတာဘာလည်းဆိုတာကို ပြောပြပါ့မယ် နိဗ္ဗာန်ဆိုတာဟာ တည်ငြိမ်ခြင်း အေးချမ်းခြင်းဖြစ်ပါတယ် သင်တို့ရဲ့စိတ်မှာ လိုချင်သတ်မတ်တဲ့စိတ်တွေကုန်ပြီး ခန္ဓာရခြင်းကြောင့် ခန္ဓာ၏ဒုက္ခကိုသိပြီး သစ္စာတရားတွေကိုသိရင် ဘာကိုမှတမ်းတမက်မောခြင်းရှိမှာမဟုတ်တော့ပါဘူး အဲသလိုဘာကိုမှ တမ်းတမက်မောခြင်းမရှိတဲ့အခါ နောက်ထပ်ခန္ဓာမရရှိတော့ဘဲ သင်တို့ရဲ့စိတ်ဟာ တည်ငြိမ်အေးချမ်းပြီးတော့ နိဗ္ဗာန်မဂ်ဖိုလ်ကို ခိုလှုံနိုင်မှာဖြစ်ပါတယ် လုံးဝရှင်းအောင်ပြောပါ့မယ် နိဗ္ဗာန်ဟာ ဘာလည်းဆိုရင် မြေကြီးကိုဓာတ်ခွဲကြည့်တဲ့အခါ ရေဓာတ် ကျောက်ဓာတ် သတ္ထုဓာတ်တွေ ဓာတ်ပေါင်းများစွာကိုကျော်လွန်ပြီးတဲ့အခါ နောက်ဆုံး ရွှေဓာတ်ကိုရောက်တဲ့အခါ ရွှေဓာတ်ကို ဘာဓာတ်မှဆက်ခွဲလို့မရသလိုပါဘဲ နိဗ္ဗာန်ဟာလည်း နောက်ဆုံးကုန်ဆုံးခြင်းဖြစ်ပါတယ် နိဗ္ဗာန်ကိုဆက်ခွဲလို့မရတော့ပါဘူး။ဆက်လက်လက်ပြောပြပါ့မယ် စာကိုအဆုံးထိဖတ်ပေးစေချင်ပါတယ် ဗုဒ္ဓဘာသာဟာ ဘာကိုယုံကြည်တာလည်းဆိုရင် ကံကံ၏အကျိုးကိုယုံကြည်တာဖြစ်ပါတယ် ကံကံ၏အကျိုးကို ဘယ်လိုယုံကြည်တာလည်းဆိုရင် ဒီစာကိုဖတ်တဲ့ထဲမှာ ဘာသာခြားတွေလည်းပါပါလိမ့်မယ် ဒီတော့ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာခြားတွေအနေနဲ့ ကံကံ၏အကျိုးကို သင်တို့ကိုယ်တိုင်စမ်းသပ်လို့ရအောင် ကျနော်နည်းလမ်းလေးပေးပါ့မယ် ဘောလုံးလေးတစ်လုံးကို နံရံဆီကိုကန်ကြည့်လိုက်ပါ ဘောလုံးလေးဟာ သင်တို့ဘက်ကို ပြန်လာပါလိမ့်မယ် ကံကံ၏အကျိုးဆိုသည်မှာ အဲဓိသဘောအတိုင်းပါဘဲ ကိုယ်ပြုသည့်ကံ ကိုယ်တာခံရမှာဖြစ်ပါတယ် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မှာပါဘဲ သို့သော် ကံဆိုသည်မှာ ယ္ခုဘဝမှာပင် ချက်ချင်းအကျိုးပေးတဲ့ကံရှိသလို နောင်ဘဝကြမှ အကျိုးပေးတဲ့ကံလည်းရှိပါတယ် ထိုနည်းတူ ဒီဘဝမှာကောင်းတာတွေ ဘယ်လောက်ဘဲလုပ်လုပ် အတိတ်ဘဝက အကုသိုလ်ကံတွေရှိနေရင်လည်း လက်ရှိဘဝမှာ ချက်ချင်းအကျိုးမပေးနိုင်တတ်ပါဘူး သိုသော် အရိပ်လိုချင်ရင်နေပူကစောင့်ဆိုသလို နောင်ဘဝတွေမှာကံကောင်းဖို့အတွက် ကောင်းတာတွေကိုလုပ်မြဲဆက်လုပ်နေရမှာဘဲဖြစ်ပါတယ် အဲလိုဆက်မလုပ်ဘဲ မကောင်းတာတွေလုပ်နေမယ်ဆိုရင် သင်ဟာအရိပ်နဲ့တူတဲ့အေးမျှခြင်းကို ရမှာမဟုတ်ပါဘူး နောက်တစ်နည်းပြောရရင် နေပူထဲမှာ လမ်းလျှောက်ကြည့်ပါ အဲလိုလမ်းလျှောက်ကြည့်တဲ့အခါ သင့်ရဲ့အရိပ်ဟာ သင့်နောက်မှာဘဲ အမြဲကပ်ပါနေပါလိမ့်မယ် ဗုဒ္ဓဘာသာတို့ယုံကြည်သောကံကံ၏အကျိုးဆိုတာ အခုပေးတဲ့ဥပမာတွေလိုဘဲဖြစ်ပါတယ် ဒီတော့ ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာတို့အကြောင်းကို နိဂုံးချုပ်ပါ့မယ် ဗုဒ္ဓသည်ဘယ်လိုပုဂ္ဂိုလ်မျိုးလည်းဆိုရင် သတ္တဝါတို့၏အကျိုး အများအကျိုးကို ရှေးရှုသူဖြစ်ပါတယ် ဗုဒ္ဓသည်ဖန်ဆင်းရှင်မဟုတ်သလို ကယ်တင်ရှင်လည်းမဟုတ်ပါ လောကမှာ ဘယ်အရာကိုမှ ဖန်ဆင်းလို့ မရသလို ဖန်ဆင်းရှင်ဆိုတာလည်းမရှိပါဘူးလို့ မြတ်ဗုဒ္ဓကိုယ်တိုင်ဟောကြားထားပါတယ် မြတ်ဗုဒ္ဓသည် လောကကိုဒုက္ခပေးမည့်သူမဟုတ်သလို သစ္စာတရားတွေကိုလည်း အတိုင်းမသိအကြွင်းမရှိသိပြီးပြန်လည်ဟောပြပေးနိုင်သူဖြစ်ပါတယ် လောကမှာဗုဒ္ဓပေါ်ထွန်းရခြင်းအကြောင်းမှာ ဘာသာတရားကိုအကြောင်းပြပြီး လူတွေကိုအဖွဲ့အစည်းဖွဲ့စည်းဖို့မဟုတ်သလို သစ္စာတရားတွေဟောပြတဲ့အခါမှာလည်း ဘာတန်ခိုးဘာအယောင်ဆောင်ပကာသနတွေကိုမှ ဗန်းပြပြီးမဟောပါမစည်းရုံးပါ ဗုဒ္ဓဟောပြသည့်သစ္စာတရားတွေကို ကြိုက်ရင်သုံးပြီးမကြိုက်ရင်လည်း မသုံးဘဲနေနိုင်ပါတယ်ဆိုတာ ဗုဒ္ဓကိုယ်တိုင်ပြောပြထားပါတယ် ဗုဒ္ဓသည် လူမမာကိုဆေးတိုက်ကျွေးသကဲ့သို့ လောဘ ဒေါသ မောဟတွေဖုံးလွှမ်းနေပြီး ဘဝသံသရာမှာ ပင်ပန်းဆင်းရဲစွာလျှောက်လှမ်းနေကြတဲ့ သံသရာခရီးသည်တွေကို ဘဝသံသရာခရီးမှလွတ်မြောက်အောင် သစ္စာရေးအေးတိုက်ကျွေးသော ဆေးဆရာတစ်ဆူဖြစ်ပါတယ် တနည်းအားဖြင့်ပြောရရင် လမ်းပြပေးသူဖြစ်ပါတယ် ဒီတော့ဗုဒ္ဓဘာသာမဟုတ်တဲ့ဘာသာခြားတွေအနေနဲ့ ဗုဒ္ဓ၏သစ္စာတရားတွေမှန် မမှန်သိချင်ရင် နောက်ဆုံးနည်းလမ်းလေးတစ်ခုပေးလိုက်ပါမယ် အဲဒါကတော့ ဗုဒ္ဓဘာသာတို့၏ တရားပွဲဘဲဖြစ်ပါတယ် ဗုဒ္ဓ၏သစ္စာတရားတွေဟာ သတ္တဝါတိုင်းအတွက် ငြင်းစရာမရှိအောင်မှန်ကန်တယ်ဆိုတာ ရဲရဲကြီးအာမခံရဲတဲ့အတွက် ဗုဒ္ဓသက်ရှိထင်ရှားရှိစဉ်ကတည်းက ဒီကနေ့ဒီအချိန်ထိ ဗုဒ္ဓ၏တရားပွဲတွေဆင်နွှဲတိုင်း မြေသလင်းဒလဟာပြင်မှာ မဏ္ဍပ်ထိုးပြီး အသံချဲ့စက်လောစပီကာကြီးနဲ့ တိုင်းသိပြည်သိ ကမ္ဘာသိအောင် ဟောပြပြောပြရဲချင်းဘဲဖြစ်ပါတယ် ဒါကြောင့် ဗုဒ္ဓ၏သစ္စာတရားတွေမှန်မမှန်ကို အသွင်းကျကျမလေ့လာနိုင်ရင်တောင် ဗုဒ္ဓတရားပွဲတွေကိုသုံးသပ်ကြည့်ချင်းအားဖြင့်သိနိုင်ပါတယ် အခုကျနော်ပြောတာတွေကို မယုံလျှင် နီးစပ်ရာဗုဒ္ဓရဟန်းတော်တွေထံမှာ မေးမြန်းနိုင်ပါသည်။ဒီကနေ့ကမ္ဘာပေါ်မှာ ကိုးကွယ်နေကြတဲ့ဘာသာတရားတွေဟာ မြောက်များစွာရှိပါတယ် ဗုဒ္ဓဘာသာဝင်တွေမဟုတ်တဲ့ ဘာသာတချို့က လောကမှာ ဖန်ဆင်းရှင်တွေ ကယ်တင်ရှင်တွေဆိုပြီး ကိုးကွယ်ယုံကြည်နေကြတာတွေဟာအများအပြားရှိပါတယ် အဲဓိဘာသာဝင်တွေကပြောကြပါတယ် သူတို့ဘာသာကို ကိုးကွယ်ရင် သူတို့ဘုရားက ကောင်းတာဘဲလုပ်လုပ် ဆိုးတာဘဲလုပ်လုပ် ကိုယ်စားခံမှာလို့ ပြောကြပါတယ် ကောင်းပြီဒီတော့ နဲနဲလေးသုံးသပ်ကြည့်ရအောင်ပါ ကောင်းတာဘဲလုပ်လုပ် ဆိုးတာဘဲလုပ်လုပ်ကိုယ်စားခံမယ်ဆိုရင် ကျနော်အခုကိုးကွယ်နေတဲ့ဘာသာကနေ ထွက်ပြီး အဲဓိဖန်ဆင်းရှင်ကယ်တင်ရှင်တွေကိုပူဇော်လိုက်ပါမယ် ကျနော်တင်မကဘူး ကျနော့်မိသားစုပါထည့်ပြီးပူဇော်လိုက်ပါမယ် သို့သော် ကောင်းတာဘဲလုပ်လုပ် ဆိုးတာဘဲလုပ်လုပ် ကိုယ်စားခံပေးတယ်ဆိုရင် ကျနော်တစ်ခုလောက်လုပ်ကြည့်ချင်ပါတယ် တခြားတော့မဟုတ်ပါဘူး မင်းသမီး စံရတီမိုးမြင့်လက်ကိုဆွဲပြီး ပါးနှစ်ချက်လောက်ဖက်နမ်းလိုက်ချင်ပါတယ် အဲဒါကိုကိုယ်စားခံပေးနိုင်မလားပေါ့ ကိုယ်စားခံပေးတယ်ဆိုရင် ကျနော်အဲဓိဘာသာထဲကို ချက်ချင်းပြေးဝင်လိုက်ပါမယ် သုံးသပ်ကြည့်ကြပါ ကိုယ်စားခံတာမခံတာနောက်ထား ကျနော့်ပါးတော့ဗြန်းဗြန်းကွဲမှာသေချာပါဘဲ ကဲဒီလောက်ပါဘဲ ကျနော်ဟာ ပညာတတ်ဘွဲ့ရတစ်ယောက် မဟုတ်တဲ့အတွက် ကျနော်ရေးတဲ့စာတွေထဲမှာ စာလုံးပေါင်းသတ်ပုံသတ်ညွှန်းတွေ မမှန်ခဲ့ရင် သည်းခံခွင့်လွှတ်ပေးကြပါလို့ ကျနော့်အနေနဲ့ အထူးဘဲမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ ။
Credit-အမည်မသိ


Post a Comment