• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

လူမှုဝန်းကျင် အချက်အလက်များက နှလုံးရောဂါအပေါ် လွှမ်းမိုးမှုရှိ

နှလုံးရောဂါ အကြောင်း လေ့လာရာတွင် လူမျိုး၊ ပညာရေး၊ နေရပ်ဒေသစသော လူမှုအချက်အလက် များသည် အဓိကကျကြောင်း အမေရိကန် နှလုံးကျန်းမာရေး အသင်းကြီးက ထုတ်ပြန် ပြောကြားသည်။

လူမှုဝန်းကျင် အခြေအနေများ ယိုယွင်းလာခြင်းသည် နှလုံးရောဂါ ဖြစ်ပွားနှုန်းများ တက်လာရသည့် အဓိကအချက်များ ဖြစ်သည်ဟု အသင်းကြီးက ဆိုသည်။ လာမည့် ဆယ်စုနှစ်များ တောက်လျှောက်လည်း နှလုံးရောဂါ ဖြစ်ပွားနှုန်းများ တက်လာဖွယ် ရှိသည်ဟု အသင်းကြီးက ခန့်မှန်းထားသည်။ လေ့လာမှုစစ်တမ်းကို Circulation (သွေးလှည့်ပတ်မှု) ဂျာနယ်တွင် ထည့်သွင်းဖော်ပြ ထားသည်။

အချို့သော လူမှုဝန်းကျင် အချက်အလက်တွေဟာ လူတွေ ထိန်းချုပ်နိုင်စွမ်းရဲ့ အပြင်ဘက်ကို ရောက်နေပါတယ်။ အဲဒီ အချက်တွေ ကလည်း နှလုံးရောဂါ ဖြစ်ပွားနှုန်းတွေ တက်လာတဲ့ နေရာမှာ လွှမ်းမိုးမှု ရှိနေပါတယ်””ဟု စစ်တမ်းဦးဆောင်သူ ဒေါက်တာ ကလိုက်ယန်စီက ပြောသည်။ ဒေါက်တာ ယန်စီသည် ရှီကာဂိုမြို့ အနောက်မြောက် တက္ကသိုလ်ရှိ ဖိန်းဘာ့ဂ်ျ ဆေးကောလိပ် လက်အောက်မှ နှလုံးရောဂါဆိုင်ရာ ဌာနအကြီးအကဲ ဖြစ်သည်။

ဥပမာအားဖြင့် လေထုညစ်ညမ်းမှုမျိုးသည် လောလောလတ်လတ် အားဖြင့် လူတို့ ထိန်းချုပ်နိုင်စွမ်း ဘောင်အပြင်ဘက်က ကိစ္စမျိုးဖြစ်သည်။ လေထု ညစ်ညမ်းခြင်းသည် သွေးခုန်နှုန်းကို ပုံမှန်ထက် ပိုမြန်စေကာ နှလုံးကို ၀န်ပိစေကြောင်း လေ့လာမှု စစ်တမ်းများကလည်း ဆိုထားသည်။

အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန (CDC) ၏ စာရင်းအရ တစ်နှစ်လျှင် အမေရိကန် နိုင်ငံသား (၇၃၅၀၀၀)သည် နှလုံးရောဂါ ခံစားနေရသလို၊ နောက်ထပ် (၈၀၀၀၀၀) သည်လည်း လေဖြတ်ဝေဒနာ ခံစားနေရကြောင်း သိရသည်။ နှလုံးရောဂါသည် အမေရိကန် အမျိုး သား၊ အမျိုးသမီးများ သေဆုံးရသည့် ထိပ်ဆုံးရောဂါလည်း ဖြစ်သည်။
ကြေးမှုံ
Source: Reuters

Post a Comment