• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

ချစ်တင်းနှောခြင်းနဲ့ ကျန်းမာရေး

၁) ခေါင်းကိုက်ခြင်းကိုသက်သာစေပါသည်

The University of Mumster မှ အာရုံကြောရောဂါရှာဖွေရေး သုတေသီများက ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာသည်အမျိုးသား အမျိုး သမီးအယောက် ၁ဝဝဝ ဖြင့် လေ့လာမှုများပြုခဲ့ရာ ထိုလူနာ၏ ၆ဝ ရာခိုင်နှုန်းခန့်က ဖို-မ ဆက်ဆံ ပြီးနောက် ခေါင်းကိုက်ဝေဒနာ သိသိသာသာသက်သာလာတယ် လို့ဆိုပါတယ်။

(၂) နှစ်ခြိုက်စွာအိပ်ပျော်စေပါ တယ်

The Berman Center(ခေါ်) အမျိုးသမီးများလိင်ပိုင်းဆိုင်ရာ ကျန်းမာရေးစင်တာမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ Ms.Laura Berman က အမျိုးသမီးများအိပ်ရာမဝင်မီ လိင်ကိစ္စပြီးမြောက်ခြင်းက စိတ် ဖိစီးမှုများပြေလျော့ကာ တစ်ခဏ အတွင်း အိပ်ပျော်သွားစေတယ်လို့ ဆိုပါတယ်။

(၃) ကယ်လိုရီလောင်မြိုက်စေပါ တယ်

ကိုယ်အလေးချိန်ကျလိုသူများ အတွက် သတင်းကောင်းလေးပါ။ မိနစ် ၃ဝကြာ ချစ်တင်းနှောခြင်း က ၁၄၄ကယ်လိုရီလောင်မြိုက်စေ ပြီး မကြာခဏပွေ့ဖက်နမ်းရှုံ့ခြင်း က ၆၈ကယ်လိုရီ လောင်မြိုက်စေ ကြောင်း Women’s Day ဂျာနယ် တစ်စောင်တွင် ဖော်ပြထားပါ တယ်။

(၄) နှလုံးကျန်းမာစေပါတယ်

ချစ်တင်းနှောခြင်းက ကိုယ် အလေးချိန်ကျစေခြင်း၊ စိတ်ဖိစီးမှု များပြေပျောက်ပြီး ညဘက် အိပ် မောကျခြင်းစသည့် အကျိုးကျေးဇူး များရစေ၍ နှလုံးကို တစ်ဖက်တစ် လမ်းမှ အားပြည့်စေတဲ့အတွက် နှလုံးကျန်းမာရေးကို အထောက် အကူ ဖြစ်စေပါတယ်။

(၅) ကြွ က်သားများ သန်မာစေပါ တယ်

နှလုံးကြွက်သားများကိုကောင်း ကျိုးပြုကာ သက်လုံကောင်းစေရုံ သာမက ဖို-မ ဆက်ဆံခြင်းအနေ အထားအရကြွက်သားများ အား စိုက်ထုတ်ရခြင်းကြောင့် ကြွက် သားများသန်မာစေပါတယ်။

(၆) နာကျင်မှုဝေဒနာများ သက် သာစေပါတယ်

ချစ်တင်းနှောချိန်မှာ Oxytocin ဟော်မုန်းထွက်ရှိပါတယ်။ နာ ကျင်မှုသက်သာစေရန် ဦးနှောက်မှ ထုတ်ပေးသည့် ထိုဟော်မုန်းကြောင့် ခန္ဓာကိုယ်ရှိနာကျင်မှုဝေဒနာများ ကို လျော့ပါးသွားပါတယ်။

(၇) ကိုယ်ခံစွမ်းအားတိုးတက် မြင့်မားလာစေပါတယ်

The University of Pennsylvania မှ ဆေးသိပ္ပံပညာရှင် များက အနည်းဆုံး ရက်သတ္တပတ် လျှင် တစ်ကြိမ်ချစ်တင်းနှောခြင်းက ကိုယ်ခံစွမ်းအားကို ၃ဝ ရာခိုင်နှုန်း မျှ တိုးတက်ကောင်းမွန်လာစေတာ ကြောင့် အအေးမိ၊ တုပ်ကွေးစ သည့် ရာသီကူးစက်ဖျားများမဖြစ် စေနိုင်ဘူးလို့ ဆိုပါတယ်။

လိင်စိတ်ကို အားပေးတဲ့အစား အစာများမှာ-
(၁) တရုတ်နံနံပင်ထဲတွင် ပါရှိ သော ဗညိမသျအနမသညန ဓာတ်က ကျားဟော်မုန်းထွက်ရှိမှုကို လွန်စွာ အားပေးတဲ့အတွက် အမျိုးသားများ ညအိပ်ရာမဝင်မီ တရုတ်နံနံပင်ကို အစိမ်းလိုက်ဝါးစားပေးသင့်ပါတယ်။

(၂) ဂုံးကောင်/ကမာကောင်ထဲရှိ သဘာဝဇင့်ဓာတ်နှင့် Androsterone ဟော်မုန်းတို့က လိင်စိတ်ကိုသုံးဆမျှ တိုးပွားလာစေကာ အမျိုးသားများ သုက်ရည်ထုတ်ပေးသောဆဲလ် များကို အထောက်အပံ့ပေးသဖြင့် သားသမီးယူရန်အစီအစဉ်ရှိသော ဖခင်လောင်းများ ဂုံးကောင်/ကမာ ကောင်ကိုမဖြစ်မနေ စားပေးသင့် ပါတယ်။ (အကယ်၍ ကနုကမာ ကောင်မကြိုက်သူများအနေဖြင့် ၄င်းနှင့် အစွမ်းသတ္တိတူသော ရွှေဖရုံစေ့လှော်ကို စားပေးနိုင်ပါ တယ်။)

(၃) ငှက်ပျောသီးထဲတွင် ပါရှိသော Bromelain အင်ဇိုင်းနှင့် ဗီတာမင်များက ကျားခွန်အားကို ပြည့်ဝစေလို့ နေ့တိုင်းငှက်ပျောသီး စားပေးပါ။

(၄) ရှေးမက္ကဆီကို တိုင်းရင်းသားများက ထောပတ် သီးကို Testicle Tree (ဝါ) သုက်ရည်ထွက်စေတဲ့အပင်ဟု မှည့်ခေါ်ကာ ဖို-မခွန်အားတိုးဆေး အဖြစ် စားသုံးလာခဲ့ကြပါတယ်။

(၅) ဗာဒံစေ့ထဲမှာပါတဲ့ ဖက်ဆီး အက်စစ်များဟာ ကျားဟော်မုန်း ထုတ်ပေးနိုင်စွမ်းရှိလို့ ဗာဒံစေ့ အစိမ်းကိုအစိမ်းလိုက်(အချို/ အငန် မရောဘဲ)ဝါးစားပါ။

(၆)သဖန်းသီး၊ သရက်သီး၊ မက်မုံသီးနှင့်စတော် ဘယ်ရီသီးများက ဖို-မစွမ်းအား တိုးမြှင့်ပေးလို့ ၄င်းသစ်သီးလေးမျိုး ကိုရောစား၍သော်လည်းကောင်း၊ တစ်မျိုးချင်း သီးသန့်စား၍သော် လည်းကောင်း အဆင်ပြေသလိုစား ပေးနိုင်ပါတယ်။

(၇) ကြက်ဥထဲမှာ ပါတဲ့ ဗီတာမင် B5 နှင့် B6တို့က စိတ်ဖိစီးမှုပြေပျောက်စေပြီး ဟော် မုန်း ပမာဏကို တိုးပွားလာစေပါ တယ်။ ကြက်ဥကိုအစိမ်းသောက် ခြင်းက ကျား-မ သဘာဝစွမ်းရည် ကို ပိုမိုတိုးပွားလာစေပါတယ်။ ငါးဥများကလည်း ကြက်ဥလို အစွမ်းသတ္တိပါရှိကြပါတယ်။

(၈) ကြက်သွန်ဖြူထဲရှိ Allicinဓာတ်က ကျား-မ လိင်အင်္ဂါထဲရှိသွေးများကို လျင်မြန်စွာ စီးဆင်းလည်ပတ်စေလို့ ရာဂစိတ်ကြွစေပါတယ်။

(၉) အနက်ရောင်ချောကလက်ထဲမှာ ပါတဲ့ Phenylethylamine ဓာတ် ပေါင်းစုက ချစ်စိတ်ကိုတိုးပွားစေလို့ ချစ်တင်းနှောအားဖြည့်ဆေးအဖြစ် မှီဝဲစားသုံးသင့်ပါတယ်။

(၁ဝ) မြန်မာ့ တိုင်းရင်းဆေးကျမ်းများမှာ မြင်းခွာ ရွက်ကို ခြောက်လတိတိစားပေး ပါက ခွန်အားဗလကြီး၍ လူပျိုလို ဖြစ်စေကြောင်း ညွှန်းဆိုထားပါ တယ်။ အိန္ဒိယနိုင်ငံ Aruna ဘုရင် မင်းမြတ်ဟာ နေ့စဉ်မြင်းခွာရွက် စားလို့သက်လုံကောင်းပြီး မိဖုရား မောင်းမမိဿံ အယောက် ၅ဝ အတွက် လိင်ကိစ္စကို စွမ်းဆောင် နိုင်ကြောင်း အိန္ဒိယရာဇဝင်သမိုင်း တွင် ဖော်ပြထားပါတယ်။ မြင်းခွာ ရွက်ဟာ လိင်စိတ်ကြွစေသော အစွမ်းရှိလို့၊ ၁၉၆၆ ခုနှစ် ထိုင်း နိုင်ငံ ဆေးအဘိဓာန်မှာ လိင်စိတ် ကို အားပေးတဲ့ သဘာဝဆေး(ဝါ) Youth Vitamin ဟု မှတ်တမ်းတင်ထားပါတယ်။

(၁၁) ကီဝီသီးကလည်း ချစ်တင်းနှောစေ တဲ့ အားဖြည့်ဆေးပါပဲ။

(၁၂) ဖောလစ်အက်စစ် ကြွယ်ဝသော ဟင်းနုနယ်ကို စားပေးခြင်းဖြင့် လိင်စိတ်ဆန္ဒကို တိုးမြင့်ပေးကာ မျိုးအောင်စေပါတယ်။

(၁၃) ဟင်နရီ-၇ ဘုရင်နှင့် ရှေးအာရှ ဘုရင်မင်းမြတ်များ လက်ထပ်က တည်းကပင် မောင်းမမိဿံစွမ်း ဆောင်ရည် အားကောင်းဆေး အဖြစ် ဂျင်းပြုတ်ရည်ကို မှီဝဲလာခဲ့ ကြပါတယ်။ ထို့ပြင် ၂၁ ရာစု ဆေးသုတေသီများကလည်း ဂျင်းဟာ ကာမစိတ်ဆန္ဒကို လှုံ့ဆော်ပေးတဲ့ အိမ်တွင်းသမားတော်လို့ ဆိုကြပါ တယ်။

The Union Daily


Post a Comment