• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

Facebook အရောင် ဘာကြောင့် အပြာ ဖြစ်နေလဲ?

ကျွန်တော်တို့ နေ့စဉ် မသုံးရမနေနိုင် သုံးနေကြတဲ့ Facebook ဟာ စတင်လွှင့်တင်ခဲ့တဲ့ အချိန်ကနေ အခုထိ အဓိက အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ဘယ်လို အပြောင်းအလဲတွေလုပ်ရင် အသုံးပြုသူတွေ ပိုအဆင်ပြေမလဲဆိုတာ Facebook က လေ့လာနေပါတယ်။

သို့သော် ဘယ်လို အပြောင်းအလဲတွေလုပ်လုပ် မပြောင်းမလဲ ရှိနေတာကတော့ Facebook ဝက်ဘ်ဆိုက်ရဲ့ ထင်ရှားမြင်သာတဲ့ အပြာရောင် ဖြစ်ပါတယ်။
Facebook ရဲ့ ထင်ရှားမြင်သာတဲ့ အရောင်ဟာ အပြာရောင် ဖြစ်နေတဲ့ အဓိကအကြောင်းရင်းထဲက အချို့ကို လေ့လာကြည့်ရအောင်ပါ။

၁။ Facebook ဝက်ဘ်ဆိုက်ရဲ့ အရောင်ဟာ အပြာရောင် ဖြစ်နေရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုက ‪#‎Facebook‬ တည်ထောင်သူ မာ့ခ်ဇူကာဘတ် ‪#‎MarkZuckberg‬ ဟာ အရောင်ခွဲခြားသိမြင်နိုင်စွမ်း မရှိသူ Color Blind တစ်ယောက်ဖြစ်လို့ပါတဲ့။ ဇူကာဘတ်ဟာ အနီ၊ အစိမ်း အရောင်တွေကို ခွဲခြားသိမြင်နိုင်စွမ်း မရှိတဲ့ Red-Green Color Blind တစ်ယောက်ဖြစ်ပြီး သူဟာ အပြာရောင်ကိုသာ ခွဲခြားသိမြင်နိုင်သူပါ။ ဒါကြောင့် Facebook ရဲ့ အဓိက အရောင်ကို အပြာရောင်အဖြစ် အသုံးပြုထားတာပါတဲ့။ ဒီအကြောင်းကို ဇူကာဘတ်က အင်တာဗျူးတစ်ခုမှာတောင် ဖွင့်ဟပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။

၂။ အပြာရောင်ဟာ လုံခြုံမှု၊ ယုံကြည်မှု ခံစားချက်ကို ပေးစွမ်းပါသတဲ့။ ဒါကြောင့်လည်း ဇူကာဘတ်ဟာ Facebook ရဲ့ အရောင်ကို အပြာအဖြစ် အသုံးပြုချင်တာ ဖြစ်ပါတယ်။ Facebook အသုံးပြုသူတိုင်း အနေနဲ့ အပြာရောင်ကို မြင်တွေ့ပြီး လုံခြုံမှုရှိတယ်လို့ ခံစားရစေချင်တာကြောင့်ပါတဲ့။

၃။ အရောင်အများစုဟာ ကြည့်ရှုသူတွေရဲ့ စိတ်အာရုံကို အနှောင့်အယှက် ဖြစ်စေပါသတဲ့။ အပြာရောင်ကတော့ အဲဒီလို မဖြစ်ပါဘူး။ ဒါကြောင့်လည်း Facebook အပါအဝင် ဝက်ဘ်ဆိုက်အများစုဟာ အပြာရောင်ကို အသုံးပြုကြတာလို့ ဆိုပါတယ်။

၎။ အပြာရောင်ဟာ အသိဉာဏ်ပညာကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်တာကြောင့်လည်း ဇူကာဘတ်က Facebook ကိုယ်စားပြုအရောင်ကို အပြာရောင်အဖြစ် အသုံးပြုထားတာလို့ ဆိုပါတယ်။

၅။ Facebook ဟာ အသုံးပြုသူတွေ မကြိုက်တာကြောင့် အပြောင်းအလဲတွေ အများအပြား ပြုလုပ်ခဲ့ပေမယ့် လေ့လာမေးမြန်းမှုတွေအရ အပြာရောင်ကိုတော့ အသုံးပြုသူတွေက ကြိုက်နှစ်သက်ကြပါတယ်။ ဒါ့အပြင် အပြာရောင်ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများအဆုံး အရောင်လည်းဖြစ်တာကြောင့် Facebook က အပြာရောင်ကို အစဉ်တစ်စိုက် အသုံးပြုတာဖြစ်ပါတယ်။

Post a Comment