• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

FACEBOOK နဲ့ပတ်သက်လို့ သင့်ဘယ်လောက်များသိနေပြီးလဲ

၁။ Like, Comment, Share တစ်ခုခု သို့မဟုတ် အားလုံးကို လက်ခံနိုင်မှ Post, Photo , Status တင်ပါ။ အကယ်၍ မကြိုက်တဲ့ Comment ပေးလာရင်လည်း Delete လို့ရပါ တယ်။ ဒါ့အပြင် လုပ်နိုင်တာတွေ Friend Setting ထဲက Option မှာ ကြိုက်သလို ရွေး လို့ရပါတယ်။

၂။ ဒီလူ Post တွေတင်တာ သိပ်ကြမ်းတယ်။ ရိုင်းတယ်။ လူ့အဖွဲ့ အစည်းကို ထိခိုက် တယ်။ အုံကြွမှုဖြစ်အောင် ဖန်တီးနေတယ်လို့ယူဆရင် Report လုပ်နိုင်တယ်။ နောက် နောင် လုံးဝမမြင်ချင်ဘူးဆိုရင်လည်း Block ပြီး Unfriend လုပ်လိုက်ရုံပဲ။

၃။ ဒီ Friend ရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေ မကြိုက်ဘဲနဲ့တော့ Friend လုပ် မ ထားပါနဲ့။ ဒေါမနဿ ၀န်ထုပ်ဝန်ပိုးကြီးထမ်းထားရသလိုဖြစ်နေမယ်။

၎။ အကယ်၍ ဒီ Friend ကို ကြိုက်တော့မကြိုက်ဘူး သူ့လှုပ်ရှားမှုကို လေ့လာ စောင့် ကြည့်ဖို့ လိုအပ်တယ်ဆိုရင် အဲဒီအတိုင်းပဲနေ၊ Like, Comment, Share တစ်ခုခု သွား မပေးနဲ့။ သူ့ကို စောင့်ကြည့်နေတယ်ဆိုတာ သတိမပေးမိစေနဲ့။

၎။ သူ့ Timeline ပေါ်က Post, Photo, Status လောက်နဲ့ အပြင်မှာ လက်သီးနဲ့ထိုး ဓါး နဲ့ထိုးပြီး ပြဿနာသွားမရှင်းနဲ့။ Facebook ထဲမှာ သူ့ကို ပြန်လုပ်နိုင်တဲ့ အခွင့် အရေး တွေ ပေးထားပြီးသား။ အဲဒါမှ မကျေနပ်သေးဘူးဆိုရင်လည်း တရားမကြောင်းနဲ့ ဆိုင် ရင် တရားမကြောင်းနဲ့ တရားစွဲ။ ရာဇ၀တ်ကြောင်းနဲ့ ဆိုင်ရင် ရာဇ၀တ်ကြောင်းနဲ့ တရား စွဲ။ အထောက်အထားတော့ ခိုင်လုံပါစေ။

၅။ Facebook ပေါ်မှာ မဆဲနဲ့ ဆဲရင် လူမှုရေးစရိုက်ကို ဝေဖန်တာ ခံရလိမ့်မယ်။

၆။ ကိုယ်တိုင်နားမလည်တဲ့ အကြောင်းအရာ အတွေးအခေါ်နဲ့ အပြုအမူတွေ တင်မိရင် အသိ၊ ဉာဏ်၊ ပညာ၊ အဆင့်အတန်းကို ကဲ့ရဲ့လိမ့်မယ်။

၇။ ပေါ်သမျှအကြောင်းအရာတိုင်း Status မတင်နဲ့။ တွေ့သမျှ Post တိုင်းမှာ Comm ent ၀င်ဝင်မပေးနဲ့။ ဆရာလိုလို သမားလိုလို အပြုအမူတွေရှောင်။ နားမထောင်ချင် လည်း ကိုယ့်အတ္တနဲ့ ကိုယ်ပဲ။ ကြာရင် ငပေါကြီးဖြစ်ပြီး လူမုန်းများမှာတော့ အသေအ ချာပဲ။

၈။ ဒီ Friend နဲ့ Chat မယ်ဆိုရင် ဒီ Friend အကြောင်းသိအောင်အရင်လုပ်။ နင် တစ် လုံး ငါ တစ်လုံးနဲ့ အရင်မဆက်ဆံနဲ့။ အလုံးစုံသိချင်ရင် About မှာကြည့်။ သူတင် ထား သလောက် About ပေါ်မူတည်ပြီး ချင့်ချိန်ဆက်ဆံ။

၉။ Facebook ပေါ်မှာ ချစ်ကြိုက်ပြီး Date လုပ်တဲ့အခါ သတိထား။ ကိုယ့်အဖေ၊ ကိုယ့် အမေ၊ ညီမ၊ အစ်မ၊ အစ်ကို၊ မောင်တွေနဲ့ ချိန်းမိလျှက်သားဖြစ်ပြီး အရှက်ဗြန်း ဗြန်းကွဲ တတ်တယ်။ (ရိုင်းကောင်းရိုင်းမယ် ... အတော်များများ ဒါမျိုးဖြစ်နေကြလို့။)

၁၀။ Facebook ရှေ့မှာ ထမင်းမစား ရေမသောက်ဘဲ တစ်နေကုန် တစ်ညလုံး ထိုင်မ နေနဲ့ သေတတ်တယ်။

၁၁။ Facebook ပေါ်မှာ တင်သမျှအကုန် လိုက်မယုံနဲ့ ရူးတတ်တယ်။

၁၂။ Facebook ကနေထွက်ပြီး အပြင်လောကကိုကြည့်ပါ။ ကိုယ်ထင်တာတွေနဲ့ တ ခြားစီပဲဆိုတာ သိလိမ့်မယ်။ လောကကြီးက သာယာနေသေးတယ်ဆိုတာလည်း ပြန်ပြီး ယုံကြည်လာလိမ့်မယ်။
                                          
(IT-Guide)

Post a Comment