• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

INTERNET ရောဂါ

Saturday, 1 August 2015

INTERNET ရောဂါ

ယနေ့  ကမ္ဘာကြီးဟာ ရွာကြီး ဖြစ်နေတာနဲ့ အညီ လူတိုင်း လူတိုင်း အွန်လိုင်း မသုံးရင်၊ မသုံးတတ်ရင် ခေတ်နောက်ကျ ကျန်ခဲ့သလို ဖြစ်နေတယ်။တစ်နေ့  လိုင်းမသုံးမိရင် ကမ္ဘာကြီးနဲ့  အဆက်သွယ် ပြတ်သွားသလို ခံစားရတဲ့ထိ ဖြစ်လာနေကြ။ဒါ မြန်မာပြည် တင်လား ဆိုတော့ မဟုတ်ပါဘူး တကမ္ဘာလုံးဖြစ်ပျက်နေတာပါ။

အွန်လိုင်းတွေ ရှိလာလို့  ဘာတွေ ဖြစ်လာလည်း။ ကောင်းကျိုးတွ မြောက်များစွာရှိလာသလို မကောင်းမှု့ တွေကလည်း မြောက်များစွာ ပေါ်ပေါက်လာတာပါပဲ။အွန်လိုင်းဟာ အဝေးကြီးက လူတွေကို နီးအောင် ၊အပြင်မှာ တစ်ခါမှ မမြင်ဖူးသေးတဲ့သူတွေကို အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်တယ်။ဒီလိုပဲ အနီနားက တစ်အိမ်ထဲကလူတွေကို အဝေးကြီးရောက်အောင် ပို့ ပစ်နိုင်သလို အပြင်မှာ အရမ်းခင်တဲ့ သူငယ်ချင်းတွေကိုလည်း သူစိမ်းတွေလို ဖြစ်အောင် လုပ်နိုင်ပါပေတယ်။ချစ်သူမရှိသေးတဲ့သူတွေ အိမ်ထောင် မပြုရသေးတဲ့ သူတွေကို ချစ်သူတွေရှိအောင် အိမ်ထောင်တွေ ပြုနိုင်အောင် လုပ်ပေးနိုင်သလို အရမ်းချစ်တဲ့ ချစ်သူတွေ အိမ်ထောင်သည်တွေကိုလည်း ကွဲအောင်လည်း လုပ်နိုင်ပါပေတယ်။

လူ့ တွေဆိုတာကလည်း ခက်သားလား။ အသစ်ဆန်းကိုမှ ၊ အသစ်သစ်တွေကိုမှ လိုချင် တပ်မက်မောကြတယ်။အာရုံတွေရဲ့ စွဲလန်းမှု့ တွေနောက် တကောက်ကောက် လိုက်နေကြရတယ်။ ကိုယ့်မှာ မရသေး ၊မရှိသေးတာကို အကောင်းလို့ ထင်ကြတယ်။ ရပြီးသား ၊ရှိပြီးသားကို တန်ဖိုး မရှိသလို ထင်တတ်ကြတာ လူ့ သဘဝ။ဒါကြောင့်လည်း စီပွားရေး ဖုန်းကုမ္ပဏီကြီးတွေ၊ ဆော့ဝဲလ်ရေးတဲ့ လုပ်ငန်းတွေက ဒေါ်လာသန်းနဲ့ ချီပြီ အကျိုးအမြတ်ရနေကြတာ။လူတွေဟာ လက်ရှိဘဝရဲ့  ကြုံတွေ့ နေရတဲ့ အခက်ခဲတွေ ၊သောကတွေ၊ ဒုက္ခတွေကို ခေတ္တ ခဏလျစ်လျူရှုပစ်ချင်ကြတယ်။ ခဏတာလေး မေ့ဖျောက်လို့ ရရင်လည်း မေ့လိုက်ချင်ကြတယ်။နောက်မှ နောက်ကိစ္စ။ ဒါကြောင့် အချိန်တိုင်း စိတ်အာရုံပြောင်းလွဲစေတဲ့ ဂိမ်းတွေထဲမှာ နစ်မြုပ်၊ဖေ့ဘုတ်လို ဆိုရှယ်နက်ဝပ်တွေထဲမှာ အာရုံတွေနစ်ထားလာကြတာ တစ်နေ့ ထက် တစ်နေ့ ပိုဆိုးလာတယ်။

အရင်ကဆို အားလပ်ချိန် သူငယ်ချင်းတွေ မိသားစုတွေ တကယ့်လက်တွေ အကြောင်းရာတွေနဲ့  ပြောဆို ကြည်နူး ရယ်ရတဲ့ နေရာတွေမှာ ခုဆို ဂိမ်းတွေနဲ့ နေရာယူလာတယ်။ ဖေ့ဘုတ်လို သတင်းကွန်ယက်တွေနဲ့ အစားထိုးလာတယ်။ လိုင်းပေါ်က မိတ်ဆွေ အသိတွေနဲ့  နေ့ တိုင်း ပြောဖြစ်ပေမယ့် တစ်အိမ်ထဲ အတူနေကြပြီး စကားမပြောဖြစ်တာ လနဲ့ ချီကြာတဲ့ သူတွေရှိလာတယ်။မိသားစု ထမင်းဝိုင်း အချိန်မပေးနိုင်တော့ဘူး။ အပြင်မှာ သူငယ်ချင်းတွေစုပြီး ပျော်ပျော်ပါးပါး ပြောဆို စားသောက်တာတွေ ရှားလာတယ်။ ဖေ့ဘုတ်ပေါ် မစားခင် စားစရာကို ပုံရိုက်တင် စားကြပါအုံး ဆိုတဲ့ ခေတ်ဖြစ်နေ.။ ကိုယ့်ပုံ ကိုယ် ပြူးပြ ပြဲပြ လှလားမေးတဲ့ခေတ်။ရှိတာလေး ထုတ်ကြွားလို့ ဒုက္ခရောက်ရတဲ့ခေတ်။ အပြမတော်လို့ ဖွခံရတဲ့ ခေတ်..ဒီခေတ်

ဒီလိုပဲ ကားစီး ၊ရထားစီး၊ ဘေးကလူ ဘယ်သူမှန်းမသိတော့ ကားပေါ် ရထားပေါ် ရောက်တာနဲ့  ဖုန်းထုတ် ပွတ်ကြတော့တာပဲ။ချစ်သူချင်း တူတူ ခရီးသွားရင်တောင် တစ်ယောက်နဲ့ တစ်ယောက် ဂရုမစိုက်အားတော့ဘူး။ ကိုယ့်ဟာ ကိုယ်ပွတ် သူ့ ဟာသူပွတ်(ဖုန်း)  တဲ့ခေတ်။ တအိမ်ထဲ အတူနေတဲ့သူ ဆေးရုံးတက်တာ မသိဘူး။နိုင်ငံရပ်ခြားက လိုင်းပေါ်က မိတ်ဆွေ နှာစေး ချောင်းဆိုးနေလို့  ဆောင်ရန် ရှောင်ရန်ရေးထားတဲ့ စာတွေ ကော်ပီလုပ် ပို့ ပေးပြီး စိတ်ပူပြတဲ့ခေတ်။ သတင်းထက် အတင်းကို ပိုစိတ်ဝင်စားကြတဲ့ခေတ်။ သူများ မကောင်းကြောင်းကို ပညာပေးသလိုနဲ့  နှိပ်ကွပ်တဲ့ခေတ်။ ကိုယ်သာ အပြင်မှာ မကောင်းရှိမယ် လိုင်းပေါ်မှာတော့ တကယ့်သူတော်ကောင်းတွေလိုပဲ.သူများတွေ မကောင်းတာ လုပ်မိလို့ ကတော့ ပိုးဆိုးပက်စက် ဝိုင်းပြောကြတဲ့ခေတ်။သူတို့ နေရာ ငါသာဆိုတဲ့ အတွေးမျိုးမရှိ။

လူ့ ကျင့်ဝတ်တွေ ပျက်ပြားတဲ့ခေတ်။ကိုယ်နဲ့ အမြင်မတူရင် ကိုယ့်ထက် အသက်ကြီးသူ ၊ ဂုဏ်ကြီးသူ ၊ ဘုန်းကြီး ၊ မယ်သီလရှင် မရှောင် ဆဲခံရတဲ့ ခေတ်။အနိဌါရုံ မြင်ကွင်းတွေ၊ အတွင်းရေး တခုခုကြောင့် မှု့ ခင်းဖြစ်ရရင် လိုင်းပေါ်မှာ ပုံတွေကို ဘာမှ မဖျက်ပဲ ပေါ်ပေါ်ထင်ထင် မညှာမတာတင်ကြ၊ဖွကြတဲ့ခေတ်။ တချို့  ဘာမှ မဟုတ်တဲ့ ကိစ္စလေးကို ဒီလို ဖွခံရလို့  ရှက်ပြီး ကိုယ့်ကိုကိုယ် သတ်သေတဲ့ထိ ဖြစ်ကြရခေတ်။ တစ်ယောက်ယောက်က သူမကျေနပ်တဲ့သူကို ရေးချင်တာရေးပြီး ပုံနဲ့ တကွ လုပ်ကြံတင်လိုက်တယ်။ ဒါကို ဖတ်တဲ့သူတွေက မစဉ်းစား တဖက်သားက ဟုတ်၏ မဟုတ်၏ မသိပဲ အားမနာပ ဝေဖန်ကြ။ဝိုင်းဆဲကြ။ကိုယ်တင်တဲ့ ပုံစာ Likeမရလို့  မိတ်ဆွေ ပျက်ကြရတဲ့ ခေတ်။အင်းးး ခေတ်ကြီး ခေတ်ကြီး ဒါပဲဗျာ...

Credit Post ..

Post a Comment