• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

Mozzarella Cheese Fried Rice

Saturday, 1 August 2015

Mozzarella Cheese Fried Rice

Mozzarella Cheese Fried Rice ကြော်ဖို့အတွက် ငရုပ်ဆီဆော့အရင်လုပ်ရပါမယ်...
ကိုရီးယားငရုပ်သီးအနှစ်(Chili paste) - ၁ ဇွန်း
ကိုရီးယားငရုပ်သီးမှုန့် - ၅ ဇွန်း
သကြားရည်(Corn-Syrup) - ၅ ဇွန်း
သကြား - ၃ ဇွန်း
ငံပြာရည် - ၃ ဇွန်း
ကြိတ်ပြီးသားကြက်သွန်ဖြူ - ၁ ဇွန်း
ဆီ - ၂ ဇွန်း
ကြက်သွန်နီ + ငရုပ်သီးစိမ်းအတောင့်ရှည်အနည်းငယ်= ရောကြိတ်။ အားလုံးကိုရောမွှေပြီးဆော့ပြုလုပ်ထားပါ။

မှတ်ချက်။ ဇွန်းကဘယ်ဇွန်းပဲ သုံးသုံး...ဇွန်းတစ်မျိုးထဲနဲ့ အားလုံးကိုချိန်တွယ်ရန်သုံးပါ။
(စားပွဲတင်ဇွန်း လဖက်ရည်ဇွန်း.....ဇွန်းအကြီး,အသေး ကြိုက်ရာသုံးပါ)

ကြော်နည်း။ ။ ဒယ်အိုးထဲသို့ဆီအနည်းငယ်ထည့် ပြုလုပ်ထားသောဆော့ကိုထည့် ထမင်းထည့်ပြီးကြော်ပါ ၊ ထမင်းကြော်ထဲသို့ ရေညှိထည့်ပါ(ရေညှိညှပ်ပီးသား ရယ်ရီမိတ်အထုပ် တွေရှိပါတယ်) နှမ်းဆီအနည်းငယ်ဆမ်းပြီးကြော်ပါ ရပါပီ။ ပန်ကန်ထဲထည့်ပြီး အပေါ်ကနေ Mozzarella. Cheese ဖြူးပြီး Fire Gun နဲ့မှုတ်ပါ အပေါ်က ချိတွေအရည်ပျော်သွားအောင်ပါ( Fire Gun မရှိပါက မိုက်ကရိုဝေ့ထဲ ၂ မိနစ်လောက်ထည့်လိုက်ပါ) အပေါ်ကကြက်ဥတစ်လုံးတင်ပြီး အသင့်စားသုံးနိုင်ပါပီ။

Post a Comment