• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

မိမိ၏ newsfeed ကိုစိတ်ကြိုက်ပြုပြင်ခွင့်ရတော့မည့်Facebook app

အရင်က Facebook သုံးသူများစိတ်ညစ်ရသည့် တစ်ချက်မှာ မိမိ၏ newsfeed (ပြင်မစာမျက်နှာ) တွင် ဘယ်လိုအကြောင်းအရာများ ဖော်ပြမည်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့် မရှိပဲ Facebook မှ မိမိ၏ အသုံးပြုမှုပေါ်မူတည်ကာ ဖော်ပြပေးသည်များကိုသာ မြင်နိုင်ခြင်းဖြစ်သည်။ (မိမိနှင့် ဆက်ဆံမှုများသော friends နှင့် page များကို ပိုမိုမြင်ရပြီး အဆက်အသွယ်သိပ်မလုပ်သော သူငယ်ချင်းများ၏ အကြောင်းအရာများမှာ အောက်ဆုံးထိ newsfeed ကိုဆွဲချမှသာ မြင်နိုင်မည်ဖြစ်သည်။
ယခု အသစ်ထွက်ရှိမည့် facebook mobile app များမှစကာ facebook မှ မိမိတို့ newsfeed ကိုကိုယ်တိုင်အပြည့်အဝထိန်းချုပ်နိုင်စွမ်းကို ပေးတော့မည်ဖြစ်သည်။ (ယနေ့ မှစတင်ကာ  iOS Facebook app မှစတင်မည်ဟုသိရသည်။)

preference ဟူသော  ဂဏန်းကောင်လေးပါသော စာမျက်နှာ တစ်ခုတိုးလာမည်ဖြစ်ပြီး ယင်းစာမျက်နှာတွင် မိမိစိတ်ကြိုက်ရာကိုရွေးချယ်ချိန်ညှိနိုင်မည်ဖြစ်သည်။

မိမိအရင်ဆုံးကြည့်ရှုလိုသော စာမျက်နှာများနှင့် သူငယ်ချင်းများကိုရွေချယ်ခြင်း
newsfeed စတင်လိုက်သည်နှင့် မိမိ ကြယ်ပြထားသော သူငယ်ချင်းများ၏ post များကို အရင်မြင်ရမည်ဖြစ်ပြီး၊ ကျန်သော post  များကိုအရင်အတိုင်းဆက်လက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

စာမျက်နှာသစ်များကိုရှာဖွေလေ့လာခြင်း

သင် like လုပ်ထားသော အကြောင်းအရာများနှင့် page များပေါ်မူတည်ကာ facebook မှ ဆိုင်ရာဆိုင်ရာ pages များကို ထပ်မံဖော်ပြပေးသွားမည်ဖြစ်ပြီး မိမိ နှစ်သက်သော အကြောင်းအရာများကို ပိုမိုလေ့လာနိုင်မည်ဖြစ်သည်။

မိမိကြိုက်နှစ်သက်ရာ friends နှင့် page များကို follow and unfollow စိတ်ကြိုက်လုပ်နိုင်ခြင်း

Facebook မှအရင် အပတ်များအတွင်း မိမိ ၏ newsfeed  ထိပ်ဆုံးမှပေါ်လာသော friend, page နှင့်  group များကို ဖော်ပြပြီး မိမိ မကြိုက်သည်များကို unfollow လုပ်နိုင်မည်ဖြစ်သည်။ unfollow လုပ်ပြီးသော အရာများကိုလည်း အချိန်မရွေးပြန်လည် follow လုပ်နိုင်အောင်လည်းစီစဉ်ပေးထားမည် ဖြစ်သည်။

-ယခုဖော်ပြထားသော newsfeed preferences ကိုအသုံးပြုလိုပါက iOS Facebook app အတွင်း ညာဘက်တောင့်ဆုံးရှိ More ထဲမှ setting category အတွင်းမှ Newsfeed preferencesကို ရွေးချယ်ကာ အသုံးပြုနိုင်မှာပါ။ (9.7.2015 ညနေပိုင်း (USA စံတော်ချိန်) မှ ရနိုင်မည်ဟုဆိုထားပါသည်။ app update လုပ်ရန်လိုအပ်နိုင်ပါသည်။)

သည် စွမ်းဆောင်ချက်များကို iOS users  များအရင်သုံးစွဲနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် android နှင့် desktop ကွန်ပြူတာများသို့ ဆက်လက်ဖြန့်ချီသွားမည်ဟုသိရသည်။





Post a Comment