• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

နီလာ ( Sapphire ) အကြောင်းသိကောင်းစရာ

စက်တင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၉ ရှိပြီး ပတ္တမြားနှင့် အုပ်စုတစ်ခုတည်း ဖြစ်သောကြောင့် ကျောက်ညီအစ်မလို့ တောင်တင်စားခေါ်ဝေါ်ကြတဲ့ အပြာရောင် နီလာ ရတနာဖြစ်ပါတယ်။
အင်္ဂလိပ်ဘာသာဖြင့် နီလာကို Sapphire ဟုခေါ်၏။
Sapphire ဟူသော ဝေါဟာရ၏ အဓိပါယ်မှာ ပြာသည်ဟာ အဓိပါယ်ရ၏။
အရည်အသွေးအကောင်းဆုံး နီလာမှာ ကောင်းကင်ပြာရောင် ဖြစ်ပါတယ်လည်းဆိုကြပါတယ်။ကမ္ဘာပေါ်ရှိဈေးကွက်တွင် တွေ့ရသော ၉၀ရာခိုင်နှုန်းသော နီလာများမှာ မီးဖုတ်ပြုပြင်ထားသော ကျောက်များ ဖြစ်လို့နေပါတယ်။
နီလာကို မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္မောဒီယား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ တူးဖော်ရရှိနိုင်ပါတယ်။
နီလာကို ၀တ်ဆင်သူများအတွက် အကျိုးသက်ရောက်ပုံမှာ
၁. ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ယူဆောင်ပေးနိုင်ခြင်း
၂. မကောင်းသောဘေးရန်မှ ကာကွယ်ပေးခြင်း
၃.ကျန်းမာရေးကောင်းစေခြင်း၊ ကျေနပ်ရောင့်ရဲစေခြင်း
၎.အဖျားရောဂါ၊ အရေပြားနှင့်ပတ်သက်သော ရောဂါ၊ မျက်စိနှင့်ပတ်သက်သော ရောဂါများကို သက်သာစေနိုင်ခြင်း
၅.နီလာ ၀တ်ဆင်ထားသူသည် တစ်စုံတစ်ရာသော မနှစ်မြို့ဖွယ် ကိစ္စတစ်ခုခု ပြုလုပ်ပါက ၀တ်ဆင်ထားသော နီလာမှာ အရောင် ဖျော့သွားတတ်ခြင်း
၆.ဆဌမအာရုံကို လှုံ့ဆော်ပေးနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။
နီလာသည် ကမ္ဘာသမိုင်းတွင် အဓိကရတနာတစ်မျိုးအဖြစ် နေရာယူခဲ့သောကျောက်မျက်ဖြစ်၏။ ဥရောပနန်းသုံးရတနာဖြစ်၏။
တမန်တော် (မိုးဇက်) အား ဘုရားသခင်၏ ဗျာဒိတ်တော်ဆယ်ပါးကို နီလာ၏ ကျောက်သားပေါ်တွင် ထွင်းပြီး မှတ်တမ်းတင်စေခဲ့ဖူးသည်ဟုလည်း ဆို၏။
နီလာ၏အပြာရောင်သည် ကောင်းကင်ဘုံဟုအဓိပါယ်ဖွင့်ဆိုနေသည့်
အတွက်ဖြစ်၏။
ကိုရမ်ဒန်များတွင် အနီရောင်မှလွဲပြီး ကျန်အရောင်အားလုံးမှာ နီလာများပင်ဖြစ်၏။
၁။နီလာပြာ
၂။နီလာဖြူ
၃။နီလာဝါ
၎။နီလာစိမ်း
၅။နီလာရွှေ
၆။နီလာပန်း
၇။နီလာခ၇မ်း
၈။နီလာမရမ်း စသည်ဖြင့် အရောင် ရှစ်မျိုးတွေ့ရ၏။
ထိုအရောင်များတွင် အရောင်နှစ်ခုစပ်နီလာများ၊ ဥပမာ-စိမ်းပြာ၊စိမ်းဝါ၊ ပြာနီစသည့် နှစ်ရောင်ရောဖက်နေသော နီလာမျိုးကိုလည်း မြင်တွေ့ရသေး၏။
သို့သော် ယင်းရောင်စုံရှိသော နီလာများတွင် အပြာရောင်ရှိသော နီလာတစ်မျိုးသာလျှင် ရတနာတန်းဝင် နီလာတန်းဝင် နီလာဖြစ်၏။
ရတနာကုန်သည်လောကတွင် ပုံမှန်ဈေးရှိ၏။ တော်ဝင်နီလာဖြစ်၏၊
အပြာဟူသောအရောင်မှာ အရောင်မျိုးစုံရှိ၏။ ပင်လယ်ပြာ၊ ကောင်းကင်ပြာ၊ မင်ပြာ၊ ရေတပ်ပြာ၊ကတ္တီပါပြာ၊ ပြောင်းဖူးပြာ စသည်တို့ဖြစ်သည်။
မြန်မာ့ရတနာလောကတွင်မူ နီလာပြာပုံနှင့်ပတ်သတ်ပြီး မြန်မာတို့၏နည်းအတိုင်း အမြင်အတိုင်းခွဲခြားထား၏။ ကြယ်ပြာ၊ပန်းပွင့်အပြာ၊ကြာညိုပန်းအပြာ၊ငှက်ခါးတောင်အပြာ၊နုသောအပြာ၊ အပြာနု၊မီးခိုးအပြာ၊ ခေါပုတ်ပြာ၊စိမ်းပြာ၊ ဒုတ္တာပြာ၊ ရှေးခေတ်ကြက်ဆူပုလင်းအပြာ စသည်တို့ဖြစ်၏။
နီလာသည် အမည်လှသော်လည်း လှည်ဖြားနိုင်သည့် စွမ်းအားမှာ ပတ္တမြားထက်ပို၏။
အရောင်အတိအကျတူသော နီလာတစ်ထုပ်ကိုရှာရန်မဆို ထားဘိ အတိအကျ အရောင်တူပါသည်ဟူသော နီလာနှစ်ပွင့်ကိုပင် ရှာဖွေပေးရန်အလွန်ခက်လှ၏။
နီလာတစ်ပွင့်နှင့် တစ်ပွင့်အရောင်မှာ ဆင်ဆင်တူသည်သာများ၏။အတိအကျတူသည်ဟူသောနီလာများမှာ အလွန်ရှား၏။ အနည်းငယ်မျှကွာခြားသည်များ ရှိတတ်ကြသည်သာဖြစ်၏။
နီလာမှာ တစ်ပွင့်ချင်းကြည့်လျှင် အလွန်လှ၏။ သို့သော် ထိုအပွင့်ထက် ပိုလှသော အပွင့်ကိုယူလာပြီး ယှဉ်လိုက်သည်နှင့် စောစောကလှပါသည်ဆိုသော နီလာမှာ ကြည့်မရအောင်ပင် ရုပ်ဆိုးသွားတတ်၏။ ထို့ကြောင့်နီလာဝယ်လျှင်ကျောက်ခံထားသင့်၏။ ထိုကျောက်ခံနှင့် ယှဉ်ပြီးသာ အမြဲဝယ်သင့်၏။ ကျောက်ခံကိုလည်း သုံးရည်ခန့် ဆောင်ထားသင့်၏။
ဘေးကင်းစေသောအစွမ်း
နီလာကို ရှေးက အဆိပ်ရှိသော သတ္တ၀ါများကို သေစေနိုင်သော ကျောက်ဖြစ်သည်ဟု ယုံကြည်ကြ၏။နီလာဖြင့်ပြုလုပ်ထားသော အိုး၊ခွက် တစ်ခုခုတွင် အဆိပ်ရှိသော မြွေကို ထည့်လိုက်ပါက မြွေမှာ မကြာခင်တွင် သေဆုံးသွားကြောင်း သိမှတ်ရပါတယ်။ အဆိပ်ရှိသောသတ္တ၀ါ၏အန္တရာယ်မှ ကင်းစေရန် နီလာကိုဝတ်ဆင်ခဲ့ကြ၏။
အချို့နိုင်ငံများတွင်နီလာကိုဝတ်ဆင်ခြင်းဖြင့် အညှို့ခံရခြင်း၊ အချုပ်အနှောင်ခံရခြင်းများမှ လွတ်ကင်းစေနိုင်သည်ဟု ယုံကြည်ကြသည်။
မြန်မာတစ်ချို့ တစ်ခေတ်က လက်ဖွဲ့ဆောင်ခြင်း၊၀တ်ခြင်းပြုသကဲ့သို့ တစ်ခေတ်က ဥရောပတွင်ဂေါ်ကြိုးနီလာကို လက်ဖွဲ့အသွင်အသုံးပြုခဲ့ကြ၏။ ဂေါ်ကြိုးတွင်ပါသော ကြိုးသုံးကြိုးကို ယုံကြည်ခြင်း၊မျှော်လင့်ခြင်း၊ ကံကြမ္မာကို ဖန်တီးနိုင်စွမ်းခြင်း သင်္ကေတများဖြင့်မှတ်ယူခဲ့၏။
သမိုင်းထဲကသူ့အကြောင်း
၁၇ရာစုတွင် ထင်ရှားသော ကမ္ဘာကျော်နယ်သစ်ရှာဖွေသူ သူရဲကောင်းကြီး ဆာရစ်ချက်ဗာတန် သည် သူ၏စွန့်စားသွားလာသည့် ခရီးစဉ်များတွင် ဂေါ်ကြိုးနီလာကို အဆောင်ကျောက်မျက်အဖြစ် လျှို့ဝှက်သယ်ဆောင်သွား၏။
မိုးကုတ်ကျောက်တွင်းများတွင် ပတ္တမြားကြီးများကို အလွန်တွေ့ရခဲ တွေ့ခဲသော်လည်း နီလာကြီးကိုပိုပြီး မြင်ရတွေ့ရတတ်၏။
ဂွေးပင်ဦးကျောက်လုံး၏ နီလာကြီးမှာလည်း ကမ္ဘာကျော်နီလာကြီးပင်ဖြစ်၏။
ထိုနီလာကြီးသည် ၁၉၂၈ ခုနှစ်တွင် မိုးကုတ်မြို့ ဂွေးပင်ရွာအနီးမှ ထွက်ရှိခဲ့ပြီး အရိုင်းချိန် ၉၅၈ ကရက်ရှိ၏။ အနောက်တိုင်းး စာနယ်ဇင်းလောကတွင် Gem of Jungleဟုအမည်ပေးထား၏။ ထိုနီလာအရိုင်းတုံးကို အမေရိကန် ရတနာကုန်သည်ကြီး Albert Ramsaym က အမေရိကန်ဒေါ်လာ ၁၃၀၀၀ ဖြင့်ဝယ်သွား၏။
ကုန်သည်ကြီး ကိုယ်တိုင် ထိုအရိုင်းတုံးကို ဖြတ်တောက်သွေးခဲ့ပြီး ၆၆ဒသမ ၅၃ကာရက်မှ ၄ဒသမ ၃၉ ကာရက်ချိန်များအတွင်းရှိသည့် နီလာအယဉ် ကိုးပွင့်၇ရှိခဲ့၏။ ယင်းနီလာကိုးပွင့်မှာ အရည်သွေး ကောင်းမွန်ပြီး အလွန်လှပသည့် နီလာများဖြစ်သည်ဟု ဆို၏။
ကုန်သည်ကြီး အယ်ဘတ်ရမ်ဆေးသည် ထိုနီလာအကြောင်းကို ၁၉၃၄ ခုနှစ်ထုတ် Saturday Evening Post တွင် အကျယ်တ၀င့်ဖော်ပြခဲ့၏။ ထိုခေတ် အမေရိကန်ပြည်သူတို့ အလွန်စိတ်ဝင်စားခဲ့သည့် မြန်မာ့နီလာကြီးဖြစ်၏။
S.M. Tagore ၏ ၁၈၇၉ ခုနှစ်တွင်ထုတ်ဝေသော Mani-mala အမည်ရှိ စာအုပ်မှာ ရတနာလောကတွင်ထင်ရှားသောစာအုပ်ဖြစ်သည်။
ထိုစာအုပ်တွင်ဖော်ပြထားချက်များအရ အင်းဝမြန်မာဘုရင်ထံခစားဖူးသော ဗြိတိသျှသံမှူးတစ်ဦးသည် အလွန်လှသည့် ၉၅၁ ကရက် ချိန်ရှိသော နီလာကြီး တစ်ပွင့်ကို မြင်တွေ့ခဲ့ဖူးသည်ဟု ဆို၏။
၁၉၆၇ ခုနှစ်က မိုးကုတ်မှ အလွတ်ကြီးလှသော နီလာအရိုင်းတုန်းကြီးတစ်ခုကို တူးဖော်ရရှိခဲ့၏။ အလေးချိန် ၆၃၀၀၀ ကရက် ( ၂၇ ဒသမ ၇၈၃ ပေါင် သို့မဟုတ် ၁၂ ဒသမ ၆ ကီလိုဂရမ်)ရှိ၏။ မြန်မာကျောက်မျက်ဌာနမှ ပိုင်သည့်နီလာကြီးဖြစ်၏။

မှီငြမ်း > ဦးလှဝင်း လေသူရဲတစ်ဦး နှင့် မချော


Post a Comment