ခရမ်းချဉ်သီးဆော့စ်
ပါဝင်ပစ္စည်းများ
ခရမ်းချဉ်သီး ၅လုံးလောက်
ကြက်သွန်ဖြူ ၅တတ်လောက်နုတ်နုတ်ဆင်းပါ
oregano နည်းနည်း
thyme နည်းနည်း
သစ်ဂျပိုးခေါက် ၁တတ်သေးသေး
ကုလားဝေးရွက် နည်းနည်း
ထောပတ် နည်းနည်း
ကြက်သွန်နီကြိုက်ရင်ထည့်ပါ ၁လုံးလောက်နုတ်နုတ်ဆင်းပါ
ဆားငရုပ်ကောင်း အရသာသင့်တင့်အောင်ထည့်ပါ
ဝိုင်ကြိုက်ရင်ထည့်ပါမကြိုက်ရင်မထည့်ပါနဲ့ နည်းနည်း
ပြု လုပ်ရန်
ခရမ်းချဉ်သီးများကိုအညှာမှဖြတ်ကာရေနွေးဆူဆူတွင်အပေါ်အခွံများပျော့လာသည်အထိရေနွေးဖျောပါ။ပြီးပါကရေနွေးထည်းမှဆည်ကာအခွံများသင်ကာအစေ့များကိုထုပ်ပါ။ထိုကဲ့သို့ပြု လုပ်ရာတွင်ရေခဲရေများထည်း၌ပြုလုပ် ပါကပို၍ကောင်းပါသည်အခွံချွတ်ရလွယ်ပါသည်။ထို့နောက်နုတ်နုတ်ဆင်းထားပါ။ပြီးပါကကြက်သွန်ဖြူ နီကိုထောပတ်ဖြင့်ဆီသက်ပါ။အနည်းငယ်နွမ်းလာအောင်လုပ်ပါ။
သစ်ဂျပိုးနှင့်ကုလားဝေးကိုထည့်ပါအနံ့ရလာသည်အထိဆီသက်ပါ။ခရမ်းချဉ်သီးများကိုထည့်ပါမွှေပေးပါ။tomatoes paste ကိုထည့်ပါ။ရေအနည်းငယ်ထည့်ပါ။အရသာများသွင်းပေးပါ။tomatoes sauceရခံနည်းပြီဆိုပါကoreganoနှင့်thymeကိုထည့်ပါ။ဒါဆိုရင်တော့tomatoes sauceကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာ။
tomatoes sauceကို ပီဇာ ပါစတာ စသည်တို့ဖြင့်လည်းတွဲစားနိုင်ပါသည်။













