• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

သင့်ရဲ့အသည်း ပျက်စီးခြင်းသိစေရန်လက္ခဏာ (၅)မျိုး

သူငယ်ချင်းတွေနဲ့ နှစ်လချီပြီး သောက်စားနေမိတယ်ဆိုရင် သင့်ရဲ့ ကျန်းမာရေးနဲ့ နေ့စဉ်ဘ၀တွေမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်က ပြလာတဲ့ အထူးရောဂါ လက္ခဏာတွေကို သင် သတိထားမိတယ်ဆိုရင် အသောက်အစား ရပ်တန့်ဖို့ အချိန်ရောက်နေပြီဆိုတာ သိလိုက်ပါတော့။ ဒီတော့ သောက်စားတတ်တဲ့သူတွေ ဖြစ်တတ်တဲ့ အသည်းရောဂါလက္ခဏာတွေ အကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။

အရက်ကို အငမ်းမရ သောက်စားခြင်း

အရက်အလွန်အကျွံ သောက်စားခြင်းက သင့်ရဲ့အတွေးစိတ်ကူးတွေ (သို့) ခံစားချက်တွေကို အားနည်းလာစေနိုင်ပါတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဗိုက်သားအဆီအဖြစ် ပြောင်းလဲ သွားလေ့ရှိပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

အထူးသဖြင့် အရက်သေစာကြောင့် အကျိုးဆက်ဖြစ်လာတဲ့ အစာအဟာရ တွေထဲက တစ်ခုက B12 ၊ အမောခံနိုင်ရည်ကင်းမဲ့ခြင်းနဲ့ အများအားဖြင့် ဖြစ်တတ်တဲ့ အခြေနေအရပ်ရပ်တွေကတော့ ခေါင်းကိုက်ခြင်းနဲ့ ဇဝေဇဝါ စိတ်ရှုပ်ထွေးမှုတွေပဲ ဖြစ်ပါတယ်။

ဆံပင်သားနဲ့ လက်သည်းခြေသည်း ကျိုးပဲ့ပျက်စီးခြင်း

အရက်သေစာသောက်စားခြင်းမှာ သင့်ဆံပင်သားတွေနဲ့ ခြေသည်းလက်သည်းတွေ ကျိုးလွယ်ပျက်လွယ်ဖြစ်လာစေနိုင်တဲ့ ရေဓာတ်ခန်းခြောက်မှု အကျိုးဆက် တစ်ခုရှိပါတယ်။ ဆံပင်နဲ့ ခြေသည်း လက်သည်းနှစ်ခုစလုံးဟာ ကျန်းမာသန်စွမ်းနေဖို့ ရေဓာတ် အလုံလောက်ရရှိမှုပေါ် မှီတည်နေပါတယ်။

မျက်လုံးဝါခြင်းနဲ့ ဗိုက်အောင့်ခြင်း

ဒီအချက်ကတော့ သိသာထင်ရှားလွန်းပါတယ်။ ဗိုက်က လေအောင့်သလို လွယ်ကူစွာ ပျောက်သွားခြင်းမရှိပဲ ဆက်တိုက်အောင့်နေတာမျိုးပါ။ ဒါ့အပြင် မျက်လုံးကလည်း သာမာန်ထက်ပို ၀ါထိန်နေပြီဆိုရင် သင်ဟာ အသည်းရောဂါကို ခံစားနေရပြီဆိုတာ သေချာပါတယ်။

စိုးရိမ်ကြောင့်ကျမှုဖြစ်ခြင်း

သင့်ခန္ဓာကိုယ်က အရက်ကို အစာအာဟာရအဖြစ် ပြောင်းလဲပြီး အသွေးသားထဲ ရောက်သွားတဲ့အခါ စိုးရိမ်ပူပန်တတ်တဲ့စိတ်၊ စိတ်ချောက်ချားခြင်းနဲ့ လွယ်လင့်တကူ အမျက်ဒေါသထွက်ခြင်းတွေဖြစ်စေနိုင်ပါတယ်။

trend myanmar

Post a Comment