"ရုန်းတဲ့ မောင်ကြီး"
===========
အိမ်မှာရှိနေရတာက
ကျိန်စာမိနေသလိုလို ။
နေမင်းကပူ ၊ နားကဆူ
အိမ်သူငါ့ ကို နှိပ်စက်၏ ။
သင်္ကြန်နီးလေ ၊ ပိတောက်ဝေ
စိတ်တွေသူငယ်ပြန်နေ၏ ။
ရွှေမန်းမာလာ ၊ မြနန္ဒာ
ငွေငန်းဆီသာ စိတ်ရောက်၏ ။
အင်းယားလမ်းထဲ ၊ အတူနွှဲ
ရိုက်ပွဲကိုလည်း လွမ်းမိ၏ ။
ပွင့်သည့်ပိတောက် ၊ သောက်သည့်အရက်
မက်သည့်အပျော် ၊ ဆော်သည့်ရိုက်ပွဲ
စိတ်ထဲသစ်ထပ် ၊ တဖြတ်ဖြတ်မြင်
ငယ်နုစဉ်က မိုက်မဲ၏ ။
ယခုမူ တသွင်ဖောက်
သက်ရောက်က စနေ
ထက်အောက်မြေ အေးစေကြောင်းရွယ်
သပိတ်လွယ် သင်္ကန်းစည်းကာ
ရိပ်ကြီးမှာ သည်မောင်ခိုလို့
အိမ်သူကို လွတ်အောင်ပုန်းတော့မယ်
ရုန်းတဲ့ မောင်ကြီး ။ ။
(M.M.A)













