"ရင့်ရော်ရွက်"
========
နဂိုက
သဝန်တိုမှ အချစ်စစ်
အမြစ်တွယ်နေ ။
========
နဂိုက
သဝန်တိုမှ အချစ်စစ်
အမြစ်တွယ်နေ ။
အသက်တွေ ရင့်
အရွက်ကြွေ လေလွင့်သလို
မျက်ရည်တစ်ပွင့်ချင်း ဆက်ကာသီတော့
ရက်တာရှည် အလွမ်းတွေက
စမ်းလို စီးနေ ။
အရွက်ကြွေ လေလွင့်သလို
မျက်ရည်တစ်ပွင့်ချင်း ဆက်ကာသီတော့
ရက်တာရှည် အလွမ်းတွေက
စမ်းလို စီးနေ ။
အသက်ကြီး သွားပြီပဲ
အပျက်အစီးတွေ လူမမြင်သာအောင်
အားငယ်ရာ ဟန်လုပ်တင်းလို့
ရင့်ကျက်ခြင်း အတု
မျက်နှာကို ပြုပြင်
ရင်ထဲမှာတော့ သိပ်မကောင်းဘူး ။
အပျက်အစီးတွေ လူမမြင်သာအောင်
အားငယ်ရာ ဟန်လုပ်တင်းလို့
ရင့်ကျက်ခြင်း အတု
မျက်နှာကို ပြုပြင်
ရင်ထဲမှာတော့ သိပ်မကောင်းဘူး ။
အကြောင်းမထူးပါဘူးလေ
ပေါင်းဖူးလို့ သိ
ကြည့်ဖူးလို့ မြင်နေ
သေဖူးလို့ နားလည်
ခင်တွယ်မြတ်နိုးသမျှဟာ
တစ်ချိန်ချိန်တော့ ထားခဲ့ရမှာ . . . ပါ ။
ပေါင်းဖူးလို့ သိ
ကြည့်ဖူးလို့ မြင်နေ
သေဖူးလို့ နားလည်
ခင်တွယ်မြတ်နိုးသမျှဟာ
တစ်ချိန်ချိန်တော့ ထားခဲ့ရမှာ . . . ပါ ။
ထားခဲ့ရမှာပါ...လို့
နားလည်လာတဲ့အခါ
ဘာမှ မကျန်တော့ဘူး ။
နားလည်လာတဲ့အခါ
ဘာမှ မကျန်တော့ဘူး ။
ပုထုဇနော
အရူးချင်း သဘောညီမျှလို့
ပလီပလာ တီတီတာတာ
ကြည်ကြည်သာသာရှိတုန်းက
စိတ်မချရတာနဲ့
အိပ်မရကြတာနဲ့
တစ်ဘဝမှာ နှစ်ခါမွေးသလို
ကလေးစိတ်နဲ့ ပျိုမျစ်
အချစ်ကို လက်ပစ်ကူးမိတယ် ။
အရူးချင်း သဘောညီမျှလို့
ပလီပလာ တီတီတာတာ
ကြည်ကြည်သာသာရှိတုန်းက
စိတ်မချရတာနဲ့
အိပ်မရကြတာနဲ့
တစ်ဘဝမှာ နှစ်ခါမွေးသလို
ကလေးစိတ်နဲ့ ပျိုမျစ်
အချစ်ကို လက်ပစ်ကူးမိတယ် ။
မငယ်တော့ပါဘူးလေ
မလွှဲသာလို့ လက်ခံရပေရဲ့
မနက်ဖြန်ညနေ ဘုရားသွားဖို့
အချစ်ကို ခေါ်သွားရမလား
အချစ်ကို ချန်ထားရမလား
သံသရာထဲ အတူသွားကြမယ်ကွဲ့
နားပူနားဆာ စကားကလေးတွေက
ခပ်ဝေးဝေးနှစ်တချို့မှာ
အမြစ်တို့လန် ပြိုလဲနေ ။
မလွှဲသာလို့ လက်ခံရပေရဲ့
မနက်ဖြန်ညနေ ဘုရားသွားဖို့
အချစ်ကို ခေါ်သွားရမလား
အချစ်ကို ချန်ထားရမလား
သံသရာထဲ အတူသွားကြမယ်ကွဲ့
နားပူနားဆာ စကားကလေးတွေက
ခပ်ဝေးဝေးနှစ်တချို့မှာ
အမြစ်တို့လန် ပြိုလဲနေ ။
အပြစ်ဖို့သံတွေနဲ့
မချစ်လို့ရန်ဖွေသလား
အမှန်နေ အမှန်စား
မမှားအောင် စိတ်ကိုပြုပြင်
သဝန်တိုချင်စိတ်ကလေး သော့ခတ်
ယုံမှတ်ပြီး ယုံတတ်ချင်လာပြီ ။
မချစ်လို့ရန်ဖွေသလား
အမှန်နေ အမှန်စား
မမှားအောင် စိတ်ကိုပြုပြင်
သဝန်တိုချင်စိတ်ကလေး သော့ခတ်
ယုံမှတ်ပြီး ယုံတတ်ချင်လာပြီ ။
တစ်မျှင်ချင်း ဖြေနေတဲ့ကြိုးများ
တစ်ပင်တင်းလျှင်တောင် နေခက်ဖူးပါရဲ့
ချက်ချင်းပဲ စိတ်ကောက်ပြေလို့
အချစ်ကို ချစ်နေခဲ့ဖူး
ရူးခဲ့ဖူးပြီ ။
တစ်ပင်တင်းလျှင်တောင် နေခက်ဖူးပါရဲ့
ချက်ချင်းပဲ စိတ်ကောက်ပြေလို့
အချစ်ကို ချစ်နေခဲ့ဖူး
ရူးခဲ့ဖူးပြီ ။
နာရီကို ကြည့်
မျှော်နေမိတုန်းလား စစ်ကြည့်တယ်
ခေါ်နေကျဖုန်းကလေး အသာပိတ်
စိတ်ငြိမ်အောင် ရှုမှတ်ရတော့မယ် ။
မျှော်နေမိတုန်းလား စစ်ကြည့်တယ်
ခေါ်နေကျဖုန်းကလေး အသာပိတ်
စိတ်ငြိမ်အောင် ရှုမှတ်ရတော့မယ် ။
သူ့ဇာတ် သူ
ကိုယ့်ဇာတ်ကို ကိုယ်ကလို့
နောက်ဆုံးလက်ပြ မခွဲကြခင်
ခင်တွယ်ငြိသမျှ တတိတိဖြတ်
သိ. . . မှတ် ၊ သိ . . . မှတ်
သတိကပ်လိုက် သတိကွာလိုက်
သဝန် မတိုတော့ပါဘူး
ကိုယ်လည်း ခွဲဖို့ ပြင်တော့မယ် ။
(M.M.A)
ကိုယ့်ဇာတ်ကို ကိုယ်ကလို့
နောက်ဆုံးလက်ပြ မခွဲကြခင်
ခင်တွယ်ငြိသမျှ တတိတိဖြတ်
သိ. . . မှတ် ၊ သိ . . . မှတ်
သတိကပ်လိုက် သတိကွာလိုက်
သဝန် မတိုတော့ပါဘူး
ကိုယ်လည်း ခွဲဖို့ ပြင်တော့မယ် ။
(M.M.A)














