သင်အသက် ၄၀ ပြည့်ပြီလား
အသက် ၄၀ ပြည့်ရင် ဘဝစကြတယ်လို့ ပြောစမှတ်ရှိပါတယ်။ ကျန်းမာရေး ရှုထောင့်မှကြည့်ရင်လဲ ဒီအသက်အရွယ်ဟာ ဘဝတလျှောက်လုံးမှာ ခန္ဓာကိုယ်မှ ဖြစ်စဉ်အပြောင်းအလဲများ ဖြစ်ပေါ်လာတဲ့ အချိန်မို့ အရေးကြီးဆုံး အရွယ်ဖြစ်သည့် အလျှောက် ခန္ဓာကိုယ် အလေးချိန်လျှော့ချရန်နှင့် အခြား သတိပြုသင့်သိများကို သိရှိသင့်ပါတယ်။
အသက် ၄၀ ရှေ့ပိုင်း ဇီဝကမ္မဖြစ်စဉ်များနှင့် မတူတော့ပဲ ထိုအသက်အရွယ်တွင် ကျန်းမာရေးအတွက် အထူးဂရုပြု လုပ်ဆောင်တော့မည် ဆိုပါက အရေးကြီးဆုံးကတော့ ကိုယ်အလေးချိန် လျှော့ချရန်ဖြစ်ပါတယ်။
အစားအသောက် အနေအထိုင်အားလုံး စတင်ဆင်ခြင်သင့်သည့် အသက်အရွယ်လို့ပြောနိုင်ပါတယ်။ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများနှင့် ကိုလက်စရော မြင့်တက်မှုနှင့် ကိုယ်တွင်း၌ အစာခြေဖျက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှု စသည်တို့နှင့် သက်ဆိုင်သော အစိတ်အပိုင်းများတို့သည် ခံနိုင်ရည် ကျဆင်းလာတဲ့ အချိန်လည်း ဖြစ်သည်။
အလေးထား ဂရုပြုသင့်သည်များကတော့
ကာဗွန်နိတ်ပါဝင်သော ရေနှင့် အချိုရည်များအစား သန့်ရှင်းသော ရေကို သောက်သုံးခြင်းသည် ယင်းအသက်အရွယ်အတွက် အလွန်အရေးကြီးသည်။
ယင်းအချိုရည်များ သောက်သုံးခြင်းဖြင့် ကိုယ်အလေးချိန် ပုံမှန်တိုးစေသည်။
နှံစားပင်၊ ကောက်နှံပင်(ဂျုံ၊ပြောင်း) တို့မှထုတ်လုပ်ထားသည့် အစားအသောက်များကို အစာပြေ စားစရာမုန့်၊ သရေစာ တို့အစား စားသောက်ပါ။
ယင်းအစားအသောက်တို့တွင် ခန္ဓာကိုယ်အတွက် အကျိုးပြုစေမည့် အမျှင်ဓာတ်များ ပါဝင်ကြပြီး လေ့ကျင့်ခန်းလုပ်ရာတွင်လည်း အဆီများကို ပိုမိုလျှော့ချပေးနိုင်သည်။
သွေးအတွင်း သကြားဓာတ်ပါဝင်မှု ပမာဏ တည်ငြိမ်မှုရှိစေရန် ဂရုပြုရမည်။ အိုမီဂါ ၃ ကြွယ်ဝသော အစားအသောက်များ စားသောက်ရမည်။
သစ်ကြံပိုး အမှုန့်ကို သကြားအစားထိုးအဖြစ် အသုံးပြုနိုင်ရင် ပိုမိုကောင်းမွန်ပါတယ်။
အချိုတည်းချင်သူတွေအတွက်ကတော့ ကိုကိုး ၇၀%ကျော်ပါဝင်တဲ့ Dark Chocolate ကို စားသုံးနိုင်ပါတယ်။ သူ့မှာ ကာဘိုဟိုက်ဒရိတ် နှင့် သကြားပါဝင်မှု ပမာဏသည် အခြား ချော့ကလက်များထက် အလွန်နည်းပြီး သတ္ထုဓာတ်နှင့် ဖိုက်ဘာဓာတ်များ ပိုမိုပါဝင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
(credit ဝင်းလှိုင်ဦး)
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ













