• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

Root နဲ့ Jailbreak ဆိုတာ ဘာလဲ

ဒီနေ့ နံနက် Facebook ဖွင့်ကြည့်လိုက်တော့ အသိညီလေးတစ်ယောက်က မြန်မာစာသွင်းဖို့ Root နဲ့ JailBreak လုပ်တာဟာ သူခိုးများအသွင် ပြောင်းယူတာတဲ့ ဟိုက် ရှာလဘတ်ရည်...... ညက သောက်ထားတဲ့ လက်ကျန် အမူးဒီဂရီလေးတွေ ကျက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရော။ ရှိရှိသမျှ ပတ်ဝန်းကျင် က ဆွေးမျိုးတွေက လာလာပြီး ခိုင်းသမျှ ဖုန်းတွေ ကို Root လုပ်ထားတာ ဖြင့် တစ်ပုံတစ်ပင်။ သူပြောမှ ငါက သူခိုးခေါင်းဆောင်ကြီးကို ဖြစ်လို့။
Android ဟာ Linux Kernel ပေါ်မှာ အခြေခံ ပြီးရေးထားတဲ့ Operation System တစ်ခုပါ။ အခြား Linux Kernel ပေါ်မှာ အခြေခံ ရေးထားတဲ့ Free BSD လို ဒါမှမဟုတ် Apple ရဲ့ OSX OS တစ်မျိုးပါပဲ။ သူ့ အတွက် Root လုပ်တာက Linux မှာ administrative permissions ရဖို့ အတွက် ပြင်ဆင်လိုက်တာပါပဲ။
Root ဒါမှမဟုတ် Jailbreak ဆိုတာ စက်တစ်လုံးရဲ့ ထိမ်းချုပ်နိုင်မှု အမြင့်ဆုံး အဆင့် ဖြစ်တဲ့ administrator-level permissions ကို ရယူနိုင်အောင် လုပ်တာပါ။ ကိုယ်ပိုင်တဲ့ ပစ္စည်း တစ်ခုကို အဲ့ အဆင့် အထိ ရယူသုံးစွဲနိုင်အောင် လုပ်တာ က ဥပဒေကြောင်းအရ တရားဝင် လဲ ဖြစ်ပါတယ်။ US မှာ User တွေဟာ အကန့် အသတ်မရှိ Root ဒါမှမဟုတ် Jailbreak တရားဝင်လုပ်ခွင့်ရှိပါတယ်။
ဘာလို့ Root လုပ်ရတာလဲ ဆိုတော့ administrator-level permissions ရယူသုံးစွဲဖို့ လိုတဲ့ Application တွေ အတွက် ပါ။
ဥပမာ မြန်မာဖောင့်သွင်းမယ်ဆိုရင် System ရဲ့ Fonts ဖိုဒါထဲကို မြန်မာစာ ဖောင့်ကို ကူထည့်လိုက်တာပါ။ အဲ့ အဆင့်တွေ အတွက် System ဖိုင်တွေကို လှမ်း ကိုင်တွယ်ဖို့ ဆိုတာ administrator-level permissions လိုအပ်ပါတယ်။ ဒီအတွက် Root လုပ်ရတာပါ။
နောက်ပြီး bootloader unlock လုပ်တာပါ။ ဒါက ကွန်ပျူတာမှာဆိုရင် BIOS ကို ပြင်ဆင်ခွင့် ပိတ်ထားတာကို ပြင်ဆင်ခွင့် ရအောင် ပြန်လုပ်တာမျိုး ပါပဲ.....။
ကဲ ဒါတွေ လုပ်တော့ ဘာဖြစ်သတုန်း ဆိုတော့ စက်ထုတ်တဲ့ Company က သူ့ ရဲ့ အာမခံ မှု ကို ဖျက်သိမ်းတယ်ပေါ့။
သာမန်အသုံးပြုသူတစ်ယောက်အနေနဲ့ ဆိုရင် စက်တစ်လုံးဝယ်လိုက်လို့ အဲ့ စက်ရဲ့ Hardware အစိတ်အပိုင်းတွေကို ဖြုတ်ကြည့် ရင် အာမခံဖျက်သိမ်းမှာ စိုးတော့ ဖွင့်မကြည့်ကြပေမဲ့ Developer တွေကတော့ လက်ငြိမ်ငြိမ်မနေနိုင်ပေါင် ရရာလက်နှက် စွဲကိုင်ပြီး ဖွင့်တာပါပဲ.........
Credit ပေးပါတယ်

Post a Comment