• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

ပွဲဖျက်နေတာလား

Wednesday, 12 August 2015

ပွဲဖျက်နေတာလား
==========
အော်....ညီမလေးရယ်....
အရွယ်က ငယ်ငယ်
ရင်သားက ကျယ်ကျယ် 
လှသွေးက ကြွယ်ကြွယ်
ရမက်က စွယ်စွယ်   
အဖော်အချွတ်က ပေါင်လယ်
ညီမငယ်ကိုကြည့်
မိကလဲ မပြော
ဖကလဲ မသင်
မြတ်ရှင်ရဟန်း
ကျောင်းသင်္ခန်းမှာ
လန်းချင်တိုင်းလန်း
ဖော်ချင်တိုင်းဖော်
တိုချင်တိုင်းတို
ပြချင်တိုင်းပြ
ကြွချင်တိုင်းကြွ
မြင်ရလေသူ
ရမက်ဆူအောင်
အငူတွေပြ
အလှတွေဖော်
မြင်မတော်လို့
ရှင်နုရဟန်း
သီလစွမ်းကို
စမ်းစစ်တာလား။
သို့ငြားမဟုတ်
သီလဆုတ်စေ
တဏှာပွေအောင်
မြူယောင်တာလား။
သို့ငြားတစ်ခါ
ကျောင်းမှာကျင့်ပျော်
ရှင်သူတော်တို့
ကျောင်းပေါ်ကဆင်း
အိမ်အခင်းမှာ
ဇွတ်တင်းအိပ်အောင်
မြူယောင်တာလား။
သို့ငြားတစ်ဇာတ်
မာရ်နတ်ဝင်စား
တရားမရှိ
ကျင့်မသိလို့
မိမိကိုယ်ကောင်
တင်ပေါင်ရင်လှ
လှစ်ဟာပြပြီး
ချစ်မီးတွေလောင်
ပွဲပျက်အောင်လို့
ညီမရယ်
ပွဲဖျက်နေတာလား။

(ရဝေသျှင်-မြိုင်နန်းမြေ)

Post a Comment