ဝက်နံရိုးဆလပ်ထုပ်ချဉ်စပ်ဟင်းချို
ဝက်နံရိုး ၂၀၀ဂရမ်
ဆလပ်ထုပ်
သံပုရာသီး ၁ခြမ်း
ကြက်သွန်ဖြူ ၂မွှာ(တစ်ပြားရိုက်)
ပဒဲကော အနည်းငယ်
ငြုပ်သီး အနီအစပ် ၄တောင့်(ထောင်းထားရန်)
သကြားလ္ဘက်စားဇွန်း ၁ဇွန်း
ဆား ။ ။ ဇွန်းဝက်
ဟင်းအသားမှုန့် ။ ဇွန်းဝက်
ငြုပ်ကောင်းစေ့ ၃စေ့(ထောင်းထားရန်)
ဟင်းချက်မည့်အိုးထဲသို့ ၀က်နံရိုးကို ရေမထည့်ဘဲ အချို အငန် ကြက်သွန်ဖြူ တို့ဖြင့် ၂မိနစ်ခန့် ဇွန်းဖြင့် လုံးမွှေပေးပါ..ထို့နောက် ရေ ၃၀၀ဂရမ်နှင့် ပဒဲကော ထည့်၍ အဖုံးအုပ်တည်ပါ...၁၀-၁၅မိနစ် ကြာလျှင် သံပုရာသီး တစ်ခြမ်းကို အရည်ညှစ်ထည့်ပါ(အချဉ်မကြိုက်လျှင် လျော့ထည့်ပါ)...ဟင်းအိုးချတော့မည်ဆိုလျှင် ငြုပ်နီ ငြုပ်ကောင်း ထောင်းပြီးသား တို့ကို ထည့်ပြီးလျှင် စားသုံးလို့ ရပါပြီ...စားမည့် ပန်းကန်ထဲသို့ ဆလပ်ထုပ် ကိုခြွေ၍ ဝက်နံရိုးပူပူ ဟင်းချို လောင်းထည့်လိုက်ပါ....
မိမိနှစ်သက်သည့် ဟင်းရွက်ကို အသုံးပြုချက်စားနိုင်ပါသည်













