• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

ယိုးဒယားသင်္ဘောသီးထောင်း (Thai papaya salad)

ကိုယ်တိုင်လုပ်စားချင်သူများအတွက်
၁..သဘော်သီးစိမ်းအနေတော် ၁လုံး
၂..ပဲတောင့်ရှည် ၂တောင့်
၃..ခရမ်းချဉ်မမှည့်လွန်းမစိမ်းလွန်း ၁လုံး
၎..ကြက်သွန်ဖြူ ၂မွှာ
၅...ဂေါ်ဖီထုပ် အနည်းငယ်
၆.. thai chili sourse(သို့)ထန်းလျက်ရည် အနည်းငယ်
၇..ငံပြာရည်နှင့်စိမ်းစားငပိအနည်းငယ်
၈..အချိုမှုန့်(သို့)ဟင်းအသားမှုန့်
၉..သံပုရာသီး ၁လုံး
၁၀..လယ်ဂဏန်းပုတ်(မရနိုင်လျှင်)ရွှေပုစွန်ခြောက်
၁၁..အခွံချွတ်ထားသောမြေပဲလှော်
၁၂..ငရုတ်စိမ်းအနီအစပ် တို့လိုအပ်ပါတယ်..ထို့အပြင် စဥ့်ငရုတ်ဆုံတစ်စုံလဲရှိနေရပါ့မယ်

အရင်ဆုံး သင်္ဘောသီးစိမ်းကို သခွားခြစ်လိုမျိုးအသွားခပ်ကြဲကြဲဖြင့်ခြစ်ပါ
ငရုတ်ဆုံထဲမှာအရင်ဆုံး ကြက်သွန်ဖြူ ၂မွှာနှင့် ငရုတ်သီးစိမ်းကို မညှက်တညှက်ထောင်းပါ ။ထို့နောက် သဘောင်္သီး နှင့်အတူ အချို အချဉ် အငံ တို့ကို လိုသလောက်ထည့်၍ခပ်မွမွမွှေထောင်းပါ ။သမပြီးဆိုလျှင် ၂လက်မလောက်လှီးထားတဲ့ ပဲတောင့်ရှည်.. ခရမ်းချဉ်သီးစိပ်..လယ်ဂဏန်းပုတ်(သို့)ပုစွန်ခြောက် မြေပဲလှော်တို့ကို ထပ်ထည့်၍ခပ်ဖွဖွထောင်းပါ..မြည်းကြည့်ပြီးလိုအပ်တာထပ်ထည့်ပါ..အကြိုက်ရပြီဆို ပန်းကန်ထည့်၍ ဂေါ်ဖီထုပ်လေးအတို့လေးနှင့် အသင့်စားသုံးနိုင်ပါပြီ....လွယ်လင့်တကူနဲ့အရသာရှိရှိ ခံတွင်းတွေ့နိုင်ပါစေ။

Post a Comment