• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9


"ဘုရားပြီးရင် အကြည်ညိုဆုံးလူသား"

ထိန်လင်းတဲ့လား
၅နှစ်သားမှစ………
သီလလုံခဲ့သူ……
အမေ ညာကာ……
စပါးရောင်းရာမှာ……
ဆိတ်အဆွဲခံကာ………
မှန်ရာကို ချစ်တတ်ခဲ့လေသူ………။
ဂျပန်ကိုသွား
စစ်ပညာသင်ကြား……
ပြန်ဖို့ အလိုည………
ဂျပန်မနဲ့ …………
နှစ်ယောက်သား……
ပျော်ပါးဖို့ ရာ ………
ပေးခဲ့ပါလည်း………
"ငါ့လူပျိုဘဝ"………
"မင်္ဂလာဦးညမှ"………
"စွန့် လွှတ်ရမည်"………
ယောက်ျားကောင်းပီပီ………
သစ္စာတည်ခဲ့လေသူ…………။
ဗိုလ်ချုပ်တဲ့လား
ပဲပြုတ်နဲ့ နံပြား……
ဖြစ်သလိုစားရင်း……
ဆင်းရဲခြင်းကိုမမှု့ ……
့ပြည့်သူ့ အတွက်……
လုံးလကိုပြု……
ဘာတစ်ခုမှ……
မတရား မယူခဲ့လေသူ………။
အချစ်တဲ့လား
ရည်စားစကား……
လူကြီးတွေက……
တဆင့်ပြောကြား……
မိသားဖသားနဲ့ ………
ကြည်ကြည်ဖြူဖြူ………
တောင်းရမ်းသွားခဲ့လေသူ………။
မင်္ဂလာဆောင်မှာ
"ဦးကျော့မောင်ဟာ"……
ရွှေကြိုးတားတော့……
ဆွဲလို့ လွှင့်ပစ်……
ဘာဖြစ်လို့ ထင်လဲ………?
အပိုဇယားတွေအား……
နောင်လာနောင်သားများ……
အတုယူမှာစိုးကား………
အပိုဆာလာကို …………
နှစ်သက်မပြခဲ့လေသူ………။
သစ္စာတရားလား
ရွှေဘိုကိုသွားတဲ့ည………
သူဌေးတွေကဆုချ………
ငွေ ၅၀ ရလို့ ………
ညိုညိုစိန် အငြိမ့်သမ……
ဗိုလ်ချုပ်အနားကပ်လို့ သွား………
လက်ချင်းချိတ်ဖို့ ကြိုးစား……
ညိုညိုစိန်ကျက်သီးဖျန်းလို့ သွား……
"ပြောလိုက်တဲ့စကားက"……
"ရီးတီးရားတား နဲ့ ……"
"ထိမယ်တို့ မယ်မကြိုးစားနဲ့ "
{"ကျုပ်မှာ ကာမပိုင်နဲ့ "…………}
၃၃နှစ်နားမှာဒီစကားပြောသွားနိုင်ခဲ့လေသူ……။
သမီးမွေးတော့
နတ်မောက်ကိုသွား……
အမွေတောင်းခဲ့ပုံများ……
သနားစရာကောင်းလိုက်ပါဘိ……
"ဖြစ်နိုင်ရင် အမ ရွှေတစ်ပဲမျှ"
"အမွေပေးပါဗျ" သူစကားစ………
"အဖွားစုက"……
"ငါမသေသမျှ ဘာအမွေမှ မရ"
ပြောချလိုက်တော့………
ရထားစီးကာပြန်ခဲ့ရလေသူ……………။
ဝက်အူချောင်းနဲ့ 
ထမင်းအဖြူအား……
သားသမီးတွေကြားမှာ……
"မဝတဝစားလို့ " ရုံးသွားကာ……
ဒေါ်ခင်ကြည်အား……
သာမန်လူတန်းစား……
ဒုက္ခကြားမှာ ………
ချို့ တဲ့စွာထားကာ……
လွတ်လပ်ရေးကို ယူသွားပေးခဲ့သူ………။
တပ်မတော်ရဲ့
စစ်သေနာပတိ……
သူထက်ကြီးသူ……
တစ်ယောက်မှမရှိ…… (ရာထူး အသက်မဟုတ်)
ဒီလိုလူသားက……
ရွှေတစ်ပဲသာလေးအတွက်……
အခက်တွေ့ ရတာ……
ရင်နာစရာမဖြစ်ရတော့ဘူးလား………
ဘာတစ်ခုမှ မသမာစွာ ယူမထားခဲ့သူ………။
လွတ်လပ်ရေးရ
နိုင်ငံရေးမှ……
အနားယူရင်……
ခြံစိုက်ချင်သူ……
စာရေးချင်သူ………
သူ့ ရဲ့ဆန္ဒပြည့်ဝဖို့ ရာ……
လက်တစ်ကမ်းအလိုမှာ……
"ကျဉ်ဆန် ၁၃ တောင့်က"……
သူ့ ရင်ဝမှာ စိုက်လို့ ဝင်ကာ………
ဒို့ ကမ္ဘာမှ စွန့် ခွာသွားရသူ………။
တွေးမိလေတိုင်း
မျက်ရည်ဝိုင်းရုံမက………
ရာဇဝင်ရိုင်းလှတဲ့……
ငါတို့ သမိုင်းမှ………
အမှတ်တရနေ့ ရက်မျိုး………
july 19 (10:37)ဟာ………
ဘယ်သောအခါမှ………
မေ့လို့ မရတာ………
ဒီတစ်ခါနဲ့ ဆို………
၆၈ ကြိမ်ပေါ့လေ………
မြန်မာပြည်သားညီနောင်ဖွားတို့ ရေ……
"ကမ္ဘာမကြေပေါ့လေ"…………။
ဗိုလ်ချုပ်မသေပါဘူးလေ
ငါ့တို့ နှလုံးသားမှာ အမြဲရှင်သန်လို့ နေ…………

Post a Comment