Ddeok Bok ki (ကိုရီးယား Rice cake)
Ddeok Bok ki(တော့ပူကီ) ပါဝင်ပစ္စည်းများ....
(1) Rice cake -300 gm
(2) Korea Chili paste -4 (table spoons)
(3) Korea hot pepper -1(table spoon)
(4) Fish cake -5
(5)Sugar -1(table spoon)
(6)Anchovies -10 pcs
(7)water
(8)Garlic
(9)Soyar sauce
ပြုလုပ်ပုံ......
ပထမဦးစွာ Anchovies (ငါးနီတူ) ငါးခြောက်အကြီးဆယ်ကောင်လောက်ကိုရေထည့်ပြီးပြုပ်ပါ ရေအရောင်ပြောင်းပြီး ငါးများနူးလာလျှင်ဆယ်ထုတ်လိုက်ပါ ငါးခြောက်အရည်ကိုပဲအသုံးပြုမှာဖြစ်ပါတယ်။
ထို့နောက်ငါးခြောက်အရည် 700 ml (မီလီလီတာပါသောချိန်ခွက်ဖြင့်ချိန်လို့ရပါတယ်) မရှိလျှင်လက်တစ်ဆစ်ကျော်လောက်မှန်းထည့်လို့ရပါတယ်။ ငါးခြောက်ရည်ထဲသို့ အထက်မှာဖော်ပြထားသောအချိုးအတိုင်း ကိုရီးယားငရုပ်သီးအနှစ်၊ငရုပ်သီးမှုန့်၊သကြား၊ကြက်သွန်ဖြူ၊ ၊ငံပြာရည်(Soyar sauce light)တို့ကိုထည့်၍ မီးအေးအေးထားပြီး မွှေပေးပါ။
ထို့နောက် Rice cake ကိုထည့်ပါ Rice cake များနူးလာလျှင် Fish cake(ငါးအသားပြား) ပုံတွင်ကြည့်နိင်ပါသည်။ အရှည်လိုက် အစောင်းလေးတွေလှီးပြီးထည့်ပါ။ထို့နောက် မုန်လာဥနီ,ဂေါ်ဘီ,ကြက်သွန်,ကြက်သွန်မြိတ် ကြိုက်နှစ်သက်ရာအရွက်များထည့်၍စားသုံးနိုင်ပါသည်။
မှတ်ချက်။ ကိုရီးယားများသည် တော့ပူကီထဲသို့ ခေါက်ဆွဲခြောက်ကိုရေနွေးဖျော၍ထည့်စားပါသည်။Sausage(ဝက်အူချောင်း)များကိုပါးပါးလှီး၍ထည့်စားပါသည်။ Seafood, ဝက်သား ကြိုက်နှစ်သက်ရာအသားများထည့်၍လည်းစားသုံးနိုင်ပါသည်။
(Z,TT)













