• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

Healthy Recipe and Health Benefits of Quail Egg

ငုံးဥ ဆို ကလေး လူကြီး ကြိုက်နှစ်သက်သလို စားရတာအင်မတန်အဆင်ပြေသော ဥလဲဖြစ်ပါတယ်။ England နိုင်ငံက ကျမ်းမာရေး နှင့် အာဟာရပညာရှင်တွေက ကလေ့လာမှုတွေ များစွာလုပ်ပြီးနောက်မှာ ငုံးဥကို စူပါအစားအစာ စာရင်းထဲမှာထည့်သွင်းလိုက်ပြီဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ငုံးဥကိုတော့ မသိတဲ့လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လိုအာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။ သူ့ရဲ့သေးပြီး ချစ်ဖို့ကောင်းသော အဖြူအမည်း အခွံ နှင့် အရွယ်အစားကြောင့် ကမ္ဘာတစ်ဝန်း မှာရှိတယ့် စားဖိုမှုးများ ရဲ့လက်ဆွဲလည်းဖြစ်ပါတယ်။ ခလေးအများ စုကလဲ သလောကျ စားသုံးသော ဥလဲဖြစ်ပါတယ်။ အစာပြေ အစားအစာ ကနေ အချို ပွဲ အထိ လုပ်ဆောင်ပေးနိုင်သော သူ့ရဲ့အရသာ အစွန်းကလဲ အံမခမ်းဖွယ်ရာပါ။ အခုအခါမှာ အလှကုန်ပစ္စည်းများ မှာလဲ ပါဝင်အသုံးပြုလာတာကို လေ့လာတွေ့ရှိရပါတယ်။ သူ့ရဲ့လှပသော အခွံက အခုအခါ မှ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ မှာ အသုံးပြုလာတာကလဲ တစ်ကယ်ပဲ စိတ်ဝင်စရာကောင်းပါတယ်။ ငုံးဥထဲမှာ ပါတဲ့ အာဟာရဓာတ်အားက ကြက်ဥနှစ်လုံးစာနဲ့ညီမျှတယ်ဆိုတာကို မသိကြပါဘူး။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကိုအားကောင်းစေပါတယ်။ ဒါကြောင့် ဒီလ ငုံးဥအကြောင်း တစ်စေ့တစ်စောင်းလေ့လာလို့ရအောင် Healthy food and Health benefit မှာ Benefits of Quail Egg article နဲ့အတူ Quail Egg and herbs Fruit Skewers လုပ်နည်း လေးပါ ပူးတွဲ ဖော်ပြလိုက်ပါတယ်။ ငုံးဥ က ရောဂါ အတော်များများ ကို ကာကွယ်တိုက်ဖျက်ပေးနိုင်သော စွမ်းအား ရှိတာကြောင့် တရုတ်တိုင်းရင်းဆေးဆရာတွေက ရောဂါများကို ကုသမှုတွေမှာ ကြက်ဥထက်စာရင် ငုံးဥကပို၍ အစွမ်းထက်ကြောင်း ဆိုထားပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့တရုတ်ဟင်းလျာအတော်များများ မှာ ငုံးဥကိုထည့်သွင်းချက်ပြုတ်ထားတာကို တွေ့ရပါတယ်။ ငုံးဥကိုနေ့စဉ် စားသုံးခြင်းဖြင့် စိတ်ဖိစီးမှုများ ကို လျော့ပါးစေတယ်လို့သိရပါတယ်။ ဒါပေမဲ့ အသက်အရွယ်နဲ့ စိတ်ဖိစီးမှု အတိမ်အနက်ပေါ်မူတည်ပြီး ငုံးဥအလုံးအရေအတွက် အတိုးအရှော့လုပ်ပြီး စားသုံးသင့်ပါတယ်။ ကလေးငယ်တွေကို ငုံးဥတစ်နေ့တစ်လုံး စားသုံးစေခြင်းဖြင့် ကိုယ်စိတ်ကျန်းမာခြင်းကို တိုးတက်စေပါတယ်။ ဆံပင်များလဲ ကျန်းမာသန်စွမ်းစေ ပါတယ်။ ကလေးနို့တိုက်နေသော မိခင်များ ပုံမှန်စားသုံး ပါက နို့ထွက်လည်း ပိုကောင်းစေပြီးနို့မှာ အာဟာရဓာတ်တွေအပြည့်အ၀ ပါဝင်တာကြောင့် မိခင်ကော ကလေးအတွက် ကျမ်းမာကောင်းမွန်စေပါတယ်။ ငုံးဥမှာပါဝင်တဲ့ ပိုတက်စီယမ်၊ မက်ဂနီစီယမ်လို သတ္တုဓာတ်များနဲ့ ဗီတာမင် ဘီ6 ကြောင့် ကျောက်ကပ်၊ အသည်းနဲ့ သည်းခြေအိတ်တွေမှာ ကျောက်တည်နိုင်ချေကို လျော့ပါးစေပါတယ်။ gym ကစားသူတွေလည်း ငုံးဥစားသုံးပေးမယ်ဆိုရင် အသားဓာတ်ကို ပိုမိုရရှိစေနိုင်ပါ တယ်။ ဒါ့အပြင် ငုံးဥမှာပါဝင်တဲ့ ovomucoid ပရိုတင်းနဲ့ lysozyme ဟာ ကြမ်းထော်ပြီး အနီဖိန့်တွေ ထွက်တတ်တဲ့ psoriasis ၊နှင်းခူနဲ့ ပန်းနာ ရင်ကျပ်ရောဂါတွေမှာဖြစ်တဲ့ ပိုးဝင် မှုနဲ့ ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်ပါ တယ်။
ငုံးဥကိုစားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်လျော်ပါတယ်။ ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီကုသပေးနိုင်ပါတယ်။ အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်းနာခြင်းကိုပါ ကုသပေးနိုင်တယ်။ ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင်တာကြောင့် ၀နေတဲ့ကိုယ်အလေးချိန်ကိုလဲ ထိန်းပေးနိုင်ပါတယ်။ ငုံးဥမှာ ပါဝင်တဲ့ဓာတ်တွေကြောင့် သွေးကျ စေပြီး သွေးကြော ကောင်းမွန်အောင်ကာကွယ်ထိန်းပေးပါတယ်။ သွေးကြော မှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့်သွေးဖတ်ပိတ်ခြင်းတွေကိုလဲ ကာကွယ်ပေးပါတယ်။ နှလုံးသွေးကြော ရောဂါ
သည်တွေရဲ့ အားဖြည့် အစာလည်း ဖြစ်ပါ တယ်။ ငုံးဥဟာ သန္ဒေသားနဲ့ ကလေး ငယ်တွေ အတွက် အားကောင်းစေတာ မို့လို့ ကိုယ်ဝန်ဆောင်မိခင်တွေ ငုံးဥကို များများ စားပေးသင့်ပါတယ်။ ငုံးဥ နှင့် တွဲစားလို့ ရရှိသော ကောင်းကျိုးလေးတွေလဲ ရှိသလို ဆိုးကျိုးများလဲ ရှိပါတယ်။ ကောင်းကျိုးလေးတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ ငုံးဥနဲ့ နွားနို့ကို တွဲစားလျှင် သွေးအားနည်းသူ၊ ကိုယ်ခန္ဒာအင်အားချည့်နဲ့နေသူ၊ အစာအိမ် အားနည်းနေသူ အတွက် အကျိုးရှိပါတယ်။ ငုံးဥနှင့်ဆန်ပြုတ်လုပ်စားပါက သွေးတိုးသမားကို သွေးကျစေပါမယ်။ ထိုအပြင် အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးပါတယ်။ ငုံးဥကို တရုတ်ကြက်သွန်မြိတ်နှင့် တွဲကြော်စားရင် ကျောက်ကပ်အားနည်းခြင်း၊ ခါးနာခြင်း၊ ပန်းသေပန်းညိုးခြင်းများကို ပြန်လှည်ကောင်းမွန်စေနိုင်ပါတယ်။ တီဘီရောဂါ၊ အဆုတ်အားနည်းပြီး ချောင်း အကြာကြီး ဆိုးနေသူတွေကို ကောင်းမွန်အောင် တဖြည်းဖြည်း အားဖြည့်ပေးနိုင်ပါတယ်။ ဒါပေမယ့် ငုံးဥကို လိမ္မော်င်္သီးနဲ့ တွဲမစားသင့်ပါ။ တွဲစားမိရင်တော့ဝမ်းပျက်ခြင်း၊ ၀မ်းဖောရောင်ခြင်းနဲ့ အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်သွေးကြော မကောင်းသော သူတွေကတော့ ငုံးဥကို အလွန်အကျွှုံ့ မစားသင့်ပါ။ ငုံးဥမှာ ပရိုတင်း၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် ၊ ခယ်လီယမ်၊ ကန့်ညို(ဆီလီနီယမ်)၊ သတ္တုဓာတ် အဆီ၊သံဓာတ် လက်စီသင်(Lecithin)၊vitamin-A ၊ vitamin-B1 ၊ B2 calcium နဲ့ ကို
လက်စထရော တွေ လုံလောက်စွာ ပါဝင်ပါတယ်။ အခုခတ်မှာတော့ ငုံးဥရဲ့ ကောင်းကျိုးလေးတွေကိုနားလည်ပြီး စားသုံးရာတွင် မက ငုံးဥအနှစ်ကို အသုံးပြုပြီး မျက် နှာဖုံးပေါင်းတင် mask အဖြစ်အသုံးပြုမယ်ဆို ရင်အရေပြားကျန်းမာရေးကို မြှင့်တင် ပေးနိုင်ပြီး တောက်ပရွှန်းစိုစေပါ တယ်။ ငုံးဥအကာကို ခေါင်းလျှော်ရာ မှာသုံးရင် တောက်ပပြီး သန်စွမ်း ထူထဲတဲ့ဆံ ပင်ကို ပိုင်ဆိုင်မှာပါ။ ငုံးဥ၀ယ်ရာမှ လတ်ဆတ်ဖို့ က အရေးကြီးပါတယ်။ အက်နေသော အချိန်ကြာနေသော ငုံးဥများကို မ၀ယ်မိစေဖို့ သတိ ထားရပါ။ ငုံးဥကို ၀ယ်ပြီး ရေခဲသေတ္တာထဲ မှာ သေချာသိမ်းထားပါ။ ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေး တွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွား ပြီးခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ဒါလောက်ဆို လျှင် ငုံးဥအကြောင်းကို စုံသလောက်တော့ ရှိပြီးထင်ပါတယ်။….Healthy Eating and Happy life…..
မှတ်ချက်- မစည် သင်ယူ ထားသည် Health Benefit of Egg နှင့် www. the-health-benefits-of-egg.com ကို အတူ ပူးတွဲ ဖော်ပြလိုက်ပါတယ်။ ဖရဲသီး ကို စားသုံးချင်းဖြင့် ရောဂါ ကာကွယ်ခြင်း ရောဂါပပျောက်ချင်း ကိုအာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။
Syi Lwin (foodsgarden)

Post a Comment