• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

မြေ အိုး ဝက် သုံး ထပ် သား နှပ်

ပါဝင်တဲ့ပစ္စည်းနဲ့ ချက်နည်းကတော့

ဝက်သုံးထပ်သား 500 gm
ပဲငံပြာရည် အကျဲ အနောက် အနည်းငယ်
ချင်းနု အနည်းငယ်
သစ်ဂျပိုးခေါက် ၂ချောင်း
နာနတ်ပွင့် ၃ပွင့်
သကြား (လ္ဘက်စားဇွန်း) ၁ဇွန်း
ကြက်သားမှုန့်(လ္ဘက်စားဇွန်း)၁ဇွန်း
ခရုဆီ အနည်းးငယ်
ဆား ။ ။ ဇွန်းဝက်
ပဲပိစပ်ရည် ။ ။ ၁ဇွန်း
ကြက်သွန်ဖြူ ၂မွှာ
နှမ်းဆီမွှေး အနည်းငယ်
ဆလပ်တွန့်
ကြက်သွန်မြိတ် ၁ပင်
ငြုပ်ကောင်းမှုန့် အဖြူ အနည်းငယ်
တို့ဖြစ်ပါတယ် ။

၁..အရင်ဆုံး ၀က် သုံးထပ်သားကို လက် ၄လုံး မထူမပါး လွှာထားပါ..

၂..ဂျင်းနဲ့ကြက်သွန်ဖြူကို ထောင်း၍ ဝက်သားပေါ်မှအရည်ညစ်ယူနယ်ထားပါ

၃..ပဲငံပြာရည် အကျဲ အနောက် ပဲပိစပ်အရည် သကြား ဆား ခရုဆီ ကြက်သားမှုန့် နှမ်းဆီမွှေး နာနတ်ပွင့် သစ်ဂျပိုးခေါက် နှင့် ဂျင်းကြက်သွန်ဖြူအဖတ် တို့ ရောသမကာနှံစပ်အောင် နယ်ပါ..
ထို့နောက် ဟင်းချက်မည့် မြေအိုး(မရှိလျှင်)ဒန်အိုး@ပေါင်းအိုး ဖြင့် ဆီပြန်တဲ့အထိလုံးနယ်ပါ...နှံသွားပြီးဆိုလျှင် ရေ ၅၀၀ ဂရမ် ထည့်၍ အဖုံးလုံးအောင် အုပ်ထားပါ..၁၅-၂၀မိနစ် ကြာလျှင် အသားအနူးအနေအထားကြည့်ပါ..အိနူးတာကြိုက်လျှင် ရေအနည်းငယ်ထပ်ထည့်ပါ..အရည်နှင့်ကြိုက်လျှင် ရေအနည်းငယ်ချန်ထားပါ..
စိတ်ကြိုက် အသင့် ကျက်ပြီးဆိုလျှင် ဆလပ်တွန့်ခင်းထားသည့် ပန်းကန်ထဲထည့်၍ အပေါ်မှ ငြုပ်ကောင်းမှုန့်အဖြူ နှင့် ကြက်သွန်မိတ် တို့ဖြူးကာ စားသုံးနိုင်ပါသည်..
(၀က်သားအပူနှင့် ဆလပ်တွန့်အရွက်လေးတွေဟာလည်း ကြွပ်ကြွပ်လေးနဲ့စားကောင်းပါတယ်)


Post a Comment