Korean Rice Cake & Dumpling Soup
*******************************
(Duk Guk and Mandu) .
ဒီ Soup လေးက ကိုရီးယား တွေ နှစ်သစ်ကူးတိုင်းသောက်သုံးလေ့ရှိကြပါတယ်။ အရမ်းလွယ်ပြီး ရယ်ရီမိတ်အထုပ်တွေလိုတာ ဝယ်လို့ရပါတယ်...ကဲပြုလုပ်ပုံလေး ပြောပြမယ်နော်
ပါဝင်ပစ္စည်းများ
***********
Rice cake(ရယ်ရီမိတ်အထုပ်ပုံပြထားပါတယ်)
Dimpling (ရယ်ရီမိတ်အထုပ် ပုံပြထားပါတယ်)
အမဲသား (အနည်းငယ်)(သို့) စိတ်ကြိုက်အသား
ငါးငံပြာရည်/ဆား
ကြက်သွန်မြိတ်
ကြက်သွန်ဖြူ
ကြက်ဥ
ရေညှိ
ငရုပ်ကောင်းမှုန့်
ပြုလပ်ပုံအဆင့်ဆင့်
**************
ကြက်ဥနှစ်လုံးကို အလည်ကအနှစ်အဝါကြီးပဲခွဲထုတ်ပြီး ပန်းကန်တစ်ခုထဲထည့်ထားပါ.....
အဖြူရောင်အကာအရည်ကို အခြားပန်းကန်ထဲ သက်သက်ခွဲထားပါ။အဝါရောင်အနှစ် ၂-ခုကိုဆားအနည်းငယ်မျှထည့်ခေါက်ပြီး ဒယ်အိုးကိုဆီအနည်းငယ်သုတ်၍ အချပ်လိုက်(အဝိုင်းလိုက်)ကြော်ပြီး ပါးပါးလှီးထားပါ။
အမဲသား...အသားကြီးပဲကို အသေးလေး တွေလှီးပါ။ ဒယ်အိုးထဲသို့ရေထည့်ပြီး လှီးထားသောအမဲသားတွေထည့်ပြုပ်ပါ။ ကြက်သွန်ဖြူ သုံးမွှာခန့် နုပ်နုပ်စဉ်းပြီးဟင်းရည်ထဲထည့်ပါ။အပေါ်သို့တက်လာသော အဆီနှင့် အညှိများကိုခပ်ထုတ်ပေးပါ၊ စွတ်အရောင်ကိုကြည်နေပါစေ။အသားနူးလာလျှင် ငါးငံပြာရည်နှင့် ဆား အနည်းငယ်ထည့်ပါ ။ထို့နောက်.Rice Cake.ကိုအရင်ထည့်ပါ ပြီးနောက် Dumpling ကိုထည့်ပါ(Dumplingကအရမ်းနူးလွယ်သောကြောင့် နောက်မှထည့်ခြင်းဖြစ်ပါသည်။)ထို့နောက်အရသာမြည်းပြီး သက်သက်ဖယ်ထားသော ကြက်ဥအကာအရည်များထည့်ပြီး ဖြေးညှင်းစွာမွှေပေးပါ။ ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပါ။ မီးကိုအနည်းဆုံးလျှော့ထားပါ။
ပန်းကန်ထဲသို့ Rice Cake & Dimpling စွတ်အရည်ထည့်ပြီး ပါးပါးလှီးထားသော ကြက်ဥအနှစ်ကြော် အဝါရောင်လေးတွေအပေါ်ကတင်ပါ။ ကြက်သွန်မြိတ် လေးအပေါ်မှဖြူးပြီး ရေညှိလေးပါအပေါ်ကတင်ပါ(ရေညှိထုပ်ရယ်ရီမိတ်ဝယ်လို့ရပါတယ်)
အသင့်သောက်သုံးနိုင်ပါသည်......ကိုရီးယားလူမျိုးတွေနှစ်သစ်ကူးချိန်တိုင်းပြုလုပ်၍
သောက်သုံးကြပါသည် မနက်ပိုင်း breakfast အဖြစ်လည်းသောက်သုံးနိုင်ပါသည်။
(Z,TT)













