• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

Korean Steamed Pork (Bossam) Boiled Pork

ပါဝင်ပစ္စည်းများ
**********
ဝက်သား - ၁ ကီလို
ကြက်သွန်နီ - ၁ လုံး
ဂျပန်ကြက်သွန်မြိတ် - အနည်းငယ်
ငရုပ်သီးစိမ်း - ၂ တောင့်
ဂျင်း - ၃၀ ဂရမ်
ငရုပ်ကောင်းအစေ့ - (လဖက်ရည်ဇွန်း တစ်ဝက်)
ကြက်သွန်ဖြူ - (စားပွဲတင်ဇွန်း ၁ ဇွန်း)
ဆန်ဝိုင်(ဆန်အရက်ပေါ့) - စားပွဲတင်ဇွန်း ၄ ဇွန်း
ကိုရီးယားပဲအနှစ် - (စားပွဲတင်ဇွန်း ၂ ဇွန်း)
ရေ (အနည်းငယ်)....တို့ပဲဖြစ်ပါတယ်။
ပထမဆုံး ပုံတွင်ပြထားသည့် ဝက်သားလိုမျိုး ဝက်ဗိုက်သားကို ရေစင်အောင်ဆေးပြီးအိုးထဲထည့် ကြက်သွန်နီဥကြီးတစ်လုံးကို လေးစိတ်ခွဲထည့် ၊ ဂျပန်ကြက်သွန်မြိတ် ကိုအဆင်ပြေသလိုလှီးထည့်(ဒါတွေကအနံ့အတွက်ပဲယူတာပါ စားလို့မရပါဘူး...ဝက်သားတစ်ခုပဲဆယ်ပြီးစားမှာ) ဂျင်း နှင့် ကြက်သွန်ဖြူ ကိုပါ ဓားပြားရိုက်ပြီးထည့် ၊ ငရုပ်ကောင်းအစေ့ ၊ ကိုရီးယားပဲအနှစ်(ပုံတွင်ပြထားပါသည်။) ထည့်ပြီး.....ဆန်ဝိုင်(ဆန်အရက်) ထည့်ပါ။ ထို့နောက်အိုးထဲသို့ ရေထည့်ပြီး မီးတစ်ဝက်(မီးအေးအေးဖြင့်) အိုးအဖုံးပိတ်ပြီး.......၁ နာရီခွဲ ခန့်ပေါင်းပါ။ အိုးကရိုးရိုးအိုးဆိုလဲရပါတယ်....ပေါင်းအိုးမလိုပါဘူး။
ကိုရီးယား ဝက်သားပေါင်းမှာ အရောင်နှစ်မျိုးရှိပါတယ်...အဖြူရောင်နှင့် အညိုရောင်...အညိုရောင်ကြိုက်ရင် ပေါင်းတဲ့အထဲ ပဲငံပြာရည် အနောက် အနည်းငယ်ထည့်လိုက်ပါ။ ကျွန်တော်ရေးတဲ့ပြုလုပ်နည်းထဲမှာ....ကိုရီးယားပဲအနှစ်က ရယ်ရီမိတ်ဗူး စီးတီးမက်မှာရောင်းပါတယ်အချို့ဟာတွေက တစ်မျိုးလောက်ရှာမရရင်လည်းမထည့်ပါနဲ့ အတိအကျကြီးမဟုတ်ပါဘူး။ ချက်လို့ရပါတယ်။
၁ နာရီခွဲကြာလို့ ဝက်သားနူးရင် ဆယ်ယူပြီး ၂ မိနစ်....၃ မိနစ်လောက်အအေးခံပြီး။ ဒယ်အိုးပြားတစ်ခုကိုအပူပေးပြီး ဝက်သားမျက်နှာပြင် ဟိုဘက်,ဒီဘက်ကို ဒယ်အိုးဖြင့်ထိပေးပါ(ဆီလုံးဝမထည့်ပါနဲ့) အနံ့မွှေးပြီး အသားမျက်နှာပြင်ရဲရဲလေးဖြစ်အောင် ကင်ပေးတာဖြစ်ပါတယ်။ ထို့နောက် ပုံတွင်ပြထားသည့်အတိုင်းညီညာစွာလှီးပြီး.....ဆလက်ရွက်, ကင်ချီ တို့ဖြင့် ရောလိပ်ပြီးစားသုံးနိုင်ပါသည်။ သူ့ရဲ့ပဲဆော့လေးဖြင့်တို့စားရင်လည်းအလွန်ကောင်းပါသည်

ပဲဆော့လုပ်နည်း
***********

ကိုရီးယားပဲအနှစ်ဆော့...သုံးဆ(သုံးဇွန်း)
ကိုရီးယားငရုပ်သီးဆော့ တစ်ဆ(တစ်ဇွန်း) ကိုရောမွှေပါ......
ပြောင်းဖူးရည်(ငါးဇွန်းထည့်)...သကြားတစ်ဇွန်းထည့်
ငရုပ်သီးစိမ်းအတောင့်ရှည်...ကြက်သွန်နီ....ကြက်သွန်ဖြူ အနည်းငယ်စီ ရောထည့်ပြီး ကြိတ်စက်ဖြင့်ကြိတ်....ဆော့ထဲထည့်ပြီးရောမွှေ ရပါပီ။ (ကိုရီးယားငရုပ်သီးဆော့ + ပြောင်းဖူးရည်) ဗူးအသေးလေးတွေရောင်းပါတယ်.....မေးပြီးဝယ်ကြည့်ကြပါ......ကျေးဇူးတင်ပါသည် ။
                  (Z,TT)

Post a Comment