• HLAINE MYO WINN(4HLAINE)
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

A9

နှမ်းဆီ၏ ကျန်းမာရေးအကျိုးကျေးဇူးများ

နှမ်းဆီကို ဟင်းချက်ရာတွင် သုံးသည့်အပြင် အာဟာရဓာတ်ပြည့်ဝမှု၊ ရောဂါကာကွယ်နိုင်မှုနှင့် ရောဂါပျောက်ကင်းစေနိုင်သည့် အစွမ်းများ ကြောင့် တိုင်းရင်းဆေးများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုကြ သည်။

နှမ်းစေ့များတွင် အိုမီဂါ-၆ အက်စစ်ကြွယ်ဝစွာပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင်များနှင့် ကျန်းမာရေးအကျိုးကျေး ဇူးများစွာပါဝင်သည့် အစားအစာဆိုင်ရာ အမျှင်ဓာတ်တို့ပါဝင်သည်။

နှမ်းဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင် သောကြောင့် ဗိုင်းရပ်စ်ပိုးများ၊ အသက်အရွယ်အိုမင်းလာမှုနှင့် ဘက်တီးရီးယားများကြောင့် ထိခိုက်ပျက်စီးမှုများ၊ သွေးကြောများထဲတွင် ထိခိုက်ပျက်စီးမှုအများစုကို သက်သာပျောက်ကင်းစေသည်။

နှမ်းစေ့တွင် ပါဝင်သော ဓာတ်တစ်မျိုးက အဆိပ်အတောက် ဖြစ်စေသော၊ ထိခိုက်စေသော အရာများနှင့် အရက်သောက်ခြင်း၏ ဆိုးကျိုးများကို ချေဖျက်ပေးခြင်းဖြင့် အသည်းလုပ်ဆောင်ချက် ကောင်းမွန်စေရန် အထောက်အကူပြုသည်။

နှမ်းဆီက အမျိုးအစား-၂ ဆီးချိုရောဂါသည်များ သောက်သုံး သော ဆေး၏အာနိသင်ကို တိုးမြှင့်ပေးနိုင်ကြောင်း ၂၀၁၁ လေ့လာမှုတစ်ရပ်အရ သိရသည်။

နှမ်းဆီတွင် ဗီတာမင်အီးနှင့် ဗီတာမင်ဘီတို့ ပါဝင်သောကြောင့် အရေပြားထိခိုက်ပျက်စီးမှုကို လျော့ကျစေနိုင်ပြီး နုပျို၊ တောက်ပ သည့် အသားအရေမျိုး ဖြစ်ပေါ်စေရန် အထောက်အကူပြုနိုင်သည်။

သွေးကြောများ၊ အရိုးများနှင့် အဆစ်နေရာတို့တွင် အားအင်နှင့်ဆန့်နိုင်ကျုံ့နိုင်မှုတို့ကို ပေးစွမ်းသော ပရိုတိန်းဓာတ်အတွက် အရေး ပါသည့် ကြေးနီဓာတ်လည်း နှမ်းဆီတွင် ပါဝင်သည်။ ထို့ကြောင့် နှမ်းဆီက အဆစ်အမြစ်ရောင်ရမ်းမှုနှင့် နာကျင်မှုအချို့ကို လျော့ကျ စေနိုင်သည်။

နှမ်းစေ့များက သွားပိုးစားခြင်း၊ သွားဖုံးမှ သွေးထွက်ခြင်း၊ လည်ချောင်းခြောက်သွေ့ခြင်းတို့ကို ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိပြီး သွားများ၊ သွားဖုံးများနှင့် မေးရိုးတို့ကို အားကောင်းစေနိုင်သည်။နှမ်းဆီအနည်းငယ်ကို ရှူပေးခြင်းဖြင့် နှာခေါင်းနှင့် လည်ချောင်း တစ်လျှောက် ရှင်းလင်းသွားနိုင်ပြီး ရင်ကျပ်ခြင်းကို သက်သာစေနိုင် သည်။  ဆံပင်ကို နှမ်းဆီလိမ်းပေးခြင်းဖြင့် ဗောက်ထခြင်းကို ကာကွယ် နိုင်သည်။ နှမ်းဆီသောက်ခြင်းဖြင့် သွေးပေါင်ကို လျော့ကျစေနိုင်ပြီး ခန္ဓာကိုယ်အတွင်း ဆိုဒီယမ်ဓာတ်ပမာဏကိုလည်း လျော့ကျစေနိုင် သည်။

နှမ်းဆီတွင်ပါဝင်သော ကယ်လ်ဆီယမ်ဓာတ်က အရိုးထိခိုက်မှု ကို ကာကွယ်ပေးနိုင်ပြီး ခေါင်းကိုက်သက်သာစေကာ သွေးမဆုံးမီ ရောဂါလက္ခဏာတို့ကို လျော့ကျစေနိုင်သည်။

နှမ်းဆီကို ပုံမှန်သုံးစွဲပါက စိတ်ဖိစီးမှုနှင့် တင်းမာမှုတို့ကို လျော့ကျစေနိုင်ပြီး အာရုံကြောစနစ်ကို အားကောင်းလာစေကာ မောပန်း နွမ်းနယ်မှုနှင့် အိပ်မပျော်နိုင်ဖြစ်ခြင်းတို့ကို သက်သာစေသည်။

နှမ်းစေ့များတွင် အားကောင်းသော ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးပါဝင်သောကြောင့် ကင်ဆာဆဲလ်အမျိုးမျိုးဖြစ်ပေါ်မှုကို လျှော့ချနိုင်သည်။

နှမ်းစေ့များတွင် အမျှင်ဓာတ်ပါဝင်သဖြင့် အစာချေဖျက်မှုစနစ် အတွက် ကောင်းမွန်ပြီး ကလေးငယ်များကို နှမ်းဆီဖြင့် နှိပ်နယ်ပေး ပါက ကလေးငယ်ကြီးထွားမှုကို အထောက်အကူပြုနိုင်ပြီး အိပ်ပျော် စေရန် အထောက်အကူပြုသည်။

နှမ်းဆီတွင် ပါဝင်သော မဂ္ဂနီဆီယမ်ဓာတ်က ပန်းနာရင်ကျပ် ဖြစ်ခြင်းကို သက်သာစေပြီး သွေးတိုးခြင်းကို လျှော့ချပေးနိုင်ကာ သွေးကြောများပျက်စီးမှုကို ကာကွယ်ပေးနိုင်သည်။

Ref: TOI

Post a Comment